ရန်ကုန်-မန္တလေးအမြန်လမ်း၌ ယာဉ်မတော်တဆမှုများကြောင့် ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလမှ
အောက်တိုဘာလအထိ ယာဉ်မတော် တဆမှုပေါင်း ၆၃၃ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၃၄ ဦး၊
ဒဏ်ရာ ရရှိသူ ၁ဝ၇၄ ဦးရှိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့စခန်း၏ ပြော ကြားချက်ကို ကိုးကားကာ
ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက် စာမျက်နှာတွင် နိုဝင်ဘာ ၁ ရက်က ဖော်ပြထားသည်။
ထိုသို့ ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှုများအနက် အရှိန်ပြင်း ထန်စွာ မောင်းနှင်မှုကြောင့်
ယာဉ်မတော်တဆမှု ၂၈၇ မှု၊ ယာဉ် မောင်းအိပ်ငိုက်ခြင်းကြောင့် ၃၈ မှု၊ လမ်းကူးပေါ့ဆမှုကြောင့်
၆ မှု၊ တိရစ္ဆာန်ကြောင့် ငါးမှု၊ ဆိုင်ကယ်ပေါ့ဆမှုကြောင့် ၉ဝ မှု၊ အနှေး ယာဉ်ပေါ့ဆမှုကြောင့် ၂ မှု၊
မဆင်မခြင် မောင်းနှင်မှုကြောင့် ၄၇ မှု၊ ဘီးပေါက်မှုကြောင့် ၁၃၅ မှု၊ စက်ချွတ်ယွင်းမှုကြောင့် ရှစ်မှု၊
လမ်းချော်မှု ကြောင့် ၁၅ မှု၊ စုစုပေါင်း ၆၃၃ မှု ဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့စခန်းမှ
သိရသည်။
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ယာဉ်မတော်တဆမှုလျော့ နည်းပပျောက်ရေးအတွက်
သတ်မှတ်အမြန်နှုန်းထက်ပိုမိုမောင်းနှင် သော မော်တော်ယာဉ်များကို နေ့ဆိုင်းညဆိုင်းဖြင့်
အမြန်နှုန်းတိုင်း ကိရိယာများဖြင့် တိုင်းတာ၍ ဖမ်းဆီးဆောင်ရွက်ရာတွင် နေပြည် တော်တိုးဂိတ်၊
အမှတ်(၃) အမြန်လမ်းနှင့် စကားအင်းအဝိုင်းတို့၌ သုံးနေရာခွဲ၍ ဖမ်းဆီးဆောင်ရွက်လျက်ရှိကြောင်း၊
အောက်တိုဘာ ၁ ရက်မှ ၃ဝ ရက်အထိ နေပြည်တော်အမြန်လမ်းတိုးဂိတ်၌ သတ်မှတ်
အမြန်နှုန်းထက် ကျော်လွန်မောင်းနှင်သော မော်တော်ယာဉ် ၁ဝ၄ဝ စီး၊ အမှတ် (၃)
အမြန်လမ်းဂိတ်၌ ၆၁၆ စီး၊ စကားအင်း အဝိုင်းဂိတ် တွင် ၅၃ စီး စုစုပေါင်း ၁၇ဝ၉ စီး
ဖမ်းဆီးအရေးယူနိုင်ခဲ့သည်။










