ပြည်တွင်းဆန်ဈေးကွက်ကျဆင်းနေချိန်တွင် မြန်မာ့ဆန်စပါးကို ကင်ညာက ရသလောက် ဝယ်ယူမည်

ပြည်တွင်းဆန်ဈေးကွက်ကျဆင်းနေချိန်တွင် မြန်မာ့ဆန်စပါးကို ကင်ညာက ရသလောက် ဝယ်ယူမည်

ပြည်တွင်းဆန်ဈေးကွက်ကျဆင်းနေချိန်တွင် မြန်မာနိုင်ငံမှ ထွက်ရှိသော ဆန်စပါးကို ကင်ညာနိုင်ငံက
ရသလောက် ဝယ်ယူမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၏
သတင်းထုတ်ပြန်ချက်ကို ကိုးကားကာ ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင်
နိုဝင်ဘာ ၁ ရက်က ဖော်ပြထားသည်။

မြန်မာနိုင်ငံမှ အဓိကဆန်စပါးဝယ်ယူသည့် တရုတ်နိုင်ငံတွင် တရားမဝင်နယ်စပ်ဖြတ်ကျော်
မှောင်ခိုများကို နှိမ်နင်းနေသည့် အတွက် မြန်မာနိုင်ငံ၏ ပြည်တွင်းဆန်ဈေးကွက် ဆက်လက်
ကျဆင်းလာနေသည်ကို စိုးရိမ်နေသော လယ်သမားများနှင့် ကုန်သည်များက ဆန်ဈေးကွက်
အာမခံချက်ရှိစေရေး အစိုးရ အား တိုက်တွန်းပြောကြားနေချိန်တွင် ထိုကဲ့သို့ ကမ်းလှမ်းခဲ့ခြင်း
ဖြစ်ပြီး နှစ်ဖက်ကုန်သည်များအနေဖြင့် ဆန်စပါးဈေးနှုန်း၊ သယ်ယူ ပို့ဆောင်စရိတ်နှင့် ဝန်ဆောင်ခ
စသည့်ကိစ္စများတွင် ညှိနှိုင်းပြီး မှသာ အတိအကျပြောဆိုနိုင်မည်ဖြစ်ကြောင်း စီးပွားရေးနှင့်
ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က
ပြောကြားခဲ့သည်။

ဆန်စပါးဈေးကွက်အတက်ဘက်သို့ ဦးတည်နိုင်ရန်အတွက် ပြည်ပဈေးကွက်သစ်များကို ဆက်လက်
ရှာဖွေသွားမည်ဖြစ် သကဲ့သို့ ဆန်စပါးတင်ပို့နေကျနိုင်ငံများကိုလည်း တင်ပို့မှု လျော့နည်းခြင်းမရှိအောင်
ဆောင်ရွက်နေကြောင်း မြန်မာ နိုင်ငံဆန်စပါးအသင်းချုပ်ထံမှ သိရသည်။