ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အတွင်း တည်ဆောက်လျက်ရှိသည့် ပြည်တွင်းခရီးသည်
ထွက်ခွာဆောင်Terminal 3 အဆောက်အအုံသစ်ကို ယခုလအတွင်း ဖွင့်လှစ်နိုင်ရန် စီစဉ်
နေကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိတစ်ဦး၏
ပြောကြားချက်ကို ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင် နိုဝင်ဘာ ၄ ရက်က ဖော်ပြထားသည်။
ခရီးသွားဧည့်သည်များ အဆင်ပြေလွယ်ကူစွာ အသုံးပြုနိုင်ရေး အတွက် Terminal 1 နှင့်
Terminal 2 တို့ကို ဖွင့်လှစ်နိုင်ခဲ့ပြီး ယခု Terminal 3 ကို အချိန်မီပြီးစီးစေရေးအတွက်
အဆင့်မြှင့် တင်ခြင်း လုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း၊ ယခု တည်ဆောက်
ဖွင့်လှစ်ထားသည့် တိုးချဲ့ဆောင်သစ်များကို လက်ရှိတွင် ပြည်ပလေကြောင်းလိုင်းများက
စတင်အသုံးပြု လျက်ရှိပြီး မကြာမီ Terminal 3 ကိုလည်း ဆက်လက်ဖွင့်လှစ်
သွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သည် မြန်မာနိုင်ငံအတွင်းရှိ လေဆိပ်များအနက်
ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် အများဆုံးဝင်ထွက်သွားလာသည့် လေဆိပ်
တစ်ခုဖြစ်ပြီး ခရီး သွားဧည့်သည်များပြား လာသည့်အတွက် ယခုကဲ့သို့ လေဆိပ်
အဆောက်အအုံများကို တိုးချဲ့အဆင့်မြှင့်တင်ခြင်း၊ ခရီးသည် ထွက်ခွာဆောင်သစ်များကို
ဆောက်လုပ်နေခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။










