ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီးသင်္ဘောကြီး သီလဝါဆိပ်ကမ်းသို့ ဆိုက်ကပ်

ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီးသင်္ဘောကြီး သီလဝါဆိပ်ကမ်းသို့ ဆိုက်ကပ်

ကမ္ဘာလှည့်ခရီးသည်တင်အပျော်စီးသင်္ဘောကြီး M.V Silver Shadow သည် နိုဝင်ဘာ ၅ ရက်
နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ၊ ဖူးခက်ဆိပ်ကမ်းမှ တစ်ဆင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ သီလဝါ
ဆပ်ကမ်းသို့ ဆိုက်ကပ် လာခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင်
နိုဝင်ဘာ ၈ ရက်က ဖော်ပြထားသည်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ ပို့ဆောင်ရေး ဝန်ကြီးဌာန၏ ပံ့ပိုးကူညီမှု၊
Myanmar Voyages International Tour -ism Co.,Ltd ၏ စီစဉ်မှုဖြင့် ၀င်ရောက်လာသော
အမေရိကန်နိုင်ငံ အခြေစိုက် Silversea Cruises မှ M.V Silver Shadow အပျော်စီး သင်္ဘောကြီးပေါ်တွင်
ကမ္ဘာလှည့်ခရီးသည် ၂၉၈ ဦးနှင့် သင်္ဘောအမူထမ်း ၂၉ဝ ပါဝင်ပြီး အများစုမှာ အမေရိကန်၊
သြစတြေးလျနှင့် ဗြိတိန် နိုင်ငံသားများဖြစ်ကာ ရန်ကုန်မြို့တွင်းနှင့် သန်လျင်၊ ပဲခူး နေ့ချင်းပြန်
ခရီးစဉ်များ၊ ပုဂံနှင့် မန္တလေးသို့ တစ်ညအိပ်ခရီးစဉ်များ သွားရောက် လည်ပတ်ကြမည်ဖြစ်ကြောင်း
သိရသည်။

အဆိုပါ ကမ္ဘာလှည့်အပျော်စီးသင်္ဘော M.V Silver Shadow သည် နိုဝင်ဘာ ရ ရက် ညပိုင်းတွင်
ရန်ကုန်အပြည်ပြည်ဆိုင်ရာ သီလဝါ ဆိပ်ကမ်းမှ မလေးရှားနိုင်ငံ၊ လန်ကဝီကျွန်းသို့ ပြန်လည်
ထွက်ခွာပြီး ဒီဇင်ဘာ ၁၃ ရက်တွင် ကမ္ဘာလှည့်ခရီးသည် ၃ဝဝ ခန့်နှင့်အတူ ထိုင်း နိုင်ငံ၊ ဖူးခက်
ဆိပ်ကမ်းမှ မြန်မာနိုင်ငံရှိ ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းသို့ ထပ်မံပြန်လည်ဝင်ရောက်
လာမည်ဟု ဆိုသည်။