ရီးရဲမက်ဒရစ်ဖောင်ဒေးရှင်း နည်းပြများက မြန်မာကလေးငယ်များအား ဘောလုံးပညာ သင်ကြားပေးမည်

ရီးရဲမက်ဒရစ်ဖောင်ဒေးရှင်း နည်းပြများက မြန်မာကလေးငယ်များအား ဘောလုံးပညာ သင်ကြားပေးမည်

အာရှနှင့် အရှေ့တောင်အာရှဒေသတွင်းနိုင်ငံများရှိ အားကစားနှင့် ကလေးများ၏ ကျန်းမာရေးဖွံ့ဖြိုးမှုကို
အထောက်အကူပြုစေရန် ရည်ရွယ်ချက်ဖြင့် စပိန်လာလီဂါထိပ်သီးကလပ်အသင်းတစ်သင်း ဖြစ်သည့် ရီးရဲမက်ဒရစ်ဖောင်ဒေးရှင်းနည်းပြများက မြန်မာနိုင်ငံ တွင် ပထမဆုံးအကြိမ်အဖြစ် မြန်မာကလေးငယ်
များအား သန်လျင် မြို့၊ စတားစီးတီးကွင်း၌ ဘောလုံးပညာသင်ကြားပေးမည်ဖြစ်ကြောင်း
နိုဝင်ဘာ ၄ ရက်က ဆီဒိုးနားဟိုတယ်၌ ကျင်းပသည့် စာနယ်ဇင်း ရှင်းလင်းပွဲကို ကိုးကားကာ
ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက် စာမျက်နှာတွင် နိုဝင်ဘာ ၈ ရက်က ဖော်ပြထားသည်။

YKK အာရှအဖွဲ့၏ လူမှုလုပ်ငန်းလှုပ်ရှားမှုနှင့် ရီးရဲလ်မက်ဒရစ် ဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပပြီး
မြန်မာကလေးများကို စပိန် ဘောလုံးကစားနည်းအတွေ့အကြံုများ မျှဝေပေးသွားမည် ဖြစ်ကြောင်း၊
ကလေးများကျန်းမာဖွံ့ဖြိုးမှုအထောက်အကူဖြစ်ရေး အတွက် ရီးရဲမက်ဒရစ်ဖောင်ဒေးရှင်းမှ
နည်းပြများဖြစ်သော ပါဘလိုဂိုမက်ဇ်ဂျားဗီးယား၊ ဂါဒါတောရက်စ်၊ တိုကယ်ကန်နို တို့က
မြန်မာနိုင်ငံဘောလုံး အဖွဲ့ ချုပ်မှ နည်းပြ ၃ဝ နှင့်အတူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးသင်တန်းကျောင်းများမှ
ကလေးငယ် သုံးရာ ခန့်အား ဘောလုံးပညာလာရောက်သင်ကြားပေး ခြင်းဖြစ်ကြောင်း
ရီးရဲမက်ဒရစ်ဖောင်ဒေးရှင်းမန်နေဂျာ Mr. Andres Muntaner က ပြောကြားခဲ့သည်။

သင်တန်းအစီအစဉ်တွင် ပါဝင်ကူညီကြမည့် မြန်မာနိုင်ငံမှ နည်းပြ ၃ဝ ကို ရီးရဲမက်ဒရစ်
ဖောင်ဒေးရှင်း မှ နည်းပြများက နိုဝင်ဘာ ၄ ရက်တွင် သင်တန်းပို့ချခဲ့ပြီး နိုဝင်ဘာ ၅ ရက်နှင့်
၆ ရက်တို့တွင် သန်လျင် စတားစီးတီးကွင်း၌ သင်တန်းတစ်ကြိမ် လျှင် ကလေးငယ် ရ၅ ဦးဖြင့်
အသက် ၁ဝနှစ် မှ ၁၄နှစ်ကြားရှိ ကလေးငယ်သုံးရာခန့်ကို လေးကြိမ်ခွဲကာ သင်ကြားပေးလျက်
ရှိကြောင်း သိရသည်။