မန္တလေး - မြစ်ကြီးနားလမ်းပိုင်းတွင် မန္တလေးဘူတာမှ မြစ်ကြီးနား ဘူတာအထိ နေ့စဉ်
အစုန်အဆန် ပြေးဆွဲနေသော လူစီးရထား များအား မြန်မာ့မီးရထားက နိုဝင်ဘာ ၁၁ ရက်မှ
စတင်၍ အချိန် ပြောင်းလဲ ပြင်ဆင်ပြေးဆွဲမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီး ဌာန၏
လူမှုကွန်ရက်စာမျက်နှာတွင် နိုဝင်ဘာ ၈ ရက်က ဖော်ပြထားသည်။
အမှတ် (၃၇) မန္တလာ- မြစ်ဆုံ အဆန် အမြန်ရထားသည် မန္တလေး ဘူတာမှ နံနက်
၁ဝ နာရီ မိနစ် ၂ဝ စတင်ထွက်ခွာ၍ မြစ်ကြီးနား ဘူတာသို့ နောက်တစ်နေ့နံနက် ၅ နာရီ မိနစ် ၂ဝ တွင်
လည်းကောင်း၊ အမှတ် (၅၅) အဆန် အမြန်ရထားသည် မန္တလေးဘူတာ မှ မွန်းတည့် ၁၂ နာရီ စတင်ထွက်ခွာ၍ မြစ်ကြီးနားဘူတာသို့ နောက်တစ်နေ့ နံနက် ၈ နာရီခွဲတွင်လည်းကောင်း၊
အမှတ်(၅၇) အဆန်အမြန် ရထားသည် မန္တလေးဘူတာမှ ညနေ ၄ နာရီ စတင် ထွက်ခွာ၍
မြစ်ကြီးနားဘူတာသို့ နောက်တစ်နေ့ မွန်းလွဲ ၁ နာရီ တွင်လည်းကောင်း၊ အမှတ်(၄၁)
အဆန်စာပို့ရထားသည် မန္တလေး ဘူတာမှ ညနေ ၆ နာရီ စတင်ထွက်ခွာ၍ မြစ်ကြီးနားဘူတာသို့
နောက်တစ်နေ့ ည ၉ နာရီတွင်လည်းကောင်း အသီးသီး ဆိုက် ရောက်မည် ဖြစ်ကြောင်း
သိရသည်။
အလားတူ အမှတ်(၄၂)အစုန်စာပို့ရထားသည် မြစ်ကြီးနားဘူတာ မှ နံနက် ၅ နာရီ စတင်ထွက်ခွာ၍
မန္တလေးဘူတာသို့ ၈ နာရီခွဲတွင် လည်းကောင်း၊ အမှတ်(၅၆) အစုန်အမြန်ရထားသည် မြစ်ကြီးနား
ဘူတာမှ နံနက် ရ နာရီခွဲစတင်ထွက်ခွာ၍ မန္တလေးဘူတာသို့ နောက် တစ်နေ့နံနက် ၄ နာရီတွင်
လည်းကောင်း၊ အမှတ်(၃၈) မြစ်ဆုံ- မန္တလာ အစုန်အမြန်ရထားသည် မြစ်ကြီးနားဘူတာမှ
နံနက် ၁၁ နာရီခွဲ စတင်ထွက်ခွာ၍ မန္တလေးဘူတာသို့ နောက်တစ်နေ့နံနက် ၅ နာရီခွဲတွင်
လည်းကောင်း၊ အမှတ် (၅၈)အစုန်အမြန်ရထားသည် မြစ်ကြီးနားဘူတာမှ ညနေ ၃ နာရီ
စတင်ထွက်ခွာ၍ မန္တလေးဘူတာ သို့ နောက်တစ်နေ့ မွန်းလွဲ ၁ နာရီတွင်လည်းကောင်း
အသီးသီးဆိုက် ရောက်မည် ဖြစ်ကြောင်း ဖော်ပြထားသည်။










