မြန်မာနှင့် တောင်ကိုရီးယားနှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ရရှိစေရန် ရည်ရွယ်ကျင်းပသည့်
တောင်ကိုရီးယားရုပ်ရှင်ပွဲတော်ကို ယခုနှစ် နိုဝင်ဘာလလယ်တွင် ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်၌
ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယားသံရုံးမှ တာဝန်ရှိသူတစ်ဦး၏
ပြောကြားချက်ကို ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင် နိုဝင်ဘာ ၈ ရက်က ဖော်ပြထားသည်။
ယခုနှစ်ကျင်းပမည့် တောင်ကိုရီးယားရုပ်ရှင်ပွဲတော်သို့ နာမည်ကြီးတောင်ကိုရီးယားအနုပညာရှင်များ
တက်ရောက်ခြင်း ရှိ၊ မရှိကို ကျင်းပမည့် ရက်နီးမှသာ ထုတ်ပြန် ကြေညာမည်ဖြစ်ကြောင်း
၄င်းက ပြောကြားခဲ့သည်။
ယခုနှစ်အတွက် တောင်ကိုရီးယားရုပ်ရှင်ပွဲတော်ကို နိုဝင်ဘာ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ကျင်းပရန်
လျာထားပြီး အဆိုပါပွဲတော်၌ နာမည်ကြီးတောင်ကိုရီးယား ဇာတ်ကားနှစ်ကားကိုလည်း
အခမဲ့ပြသသွားမည်ဖြစ်ကြောင်း သိရသည်။









