ပလက်ဝမြို့တည်နှစ်(၁၄ဝ) ပြည့် အထိမ်းအမှတ်ပွဲနှင့် ခူမီးရိုးရာ နှစ်သစ်ကူးပွဲကို နိုဝင်ဘာ ၃ဝ ရက်နှင့်
ဒီဇင်ဘာ ၁ ရက်တို့တွင် ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန၏
လူမှုကွန်ရက်စာမျက်နှာတွင် နိုဝင်ဘာ ၁၁ ရက်က ဖော်ပြထားသည်။
ပလက်ဝမြို့တည်နှစ် (၁၄ဝ) ပြည့် အထိမ်းအမှတ်ပွဲကို နိုဝင်ဘာ ၃ဝ ရက်တွင် စတင်ဖွင့်လှစ်
ကျင်းပသွားမည် ဖြစ်ပြီး ဒီဇင်ဘာ ၁ ရက်တွင် ခူမီးရိုးရာ နှစ်သစ်ကူးပွဲတော်ကို ကျင်းပမည်ဖြစ်ကြောင်း
သိရသည်။
ပွဲတော်တွင် ရိုးရာအကပဒေသာများ၊ အဆိုများ၊ ခူမီးရိုးရာအကပြိုင်ပွဲများ၊ မြို့နယ်တွင်းနေ ခူမီး၊ အနူး၊
ခေါင်စို၊ ပနန်း၊ မီရမ် (မရာ)၊ လည်မြို၊ မြို၊ ရခိုင်တိုင်းရင်းသားတို့၏ ရိုးရာအသုံးအဆောင်နှင့်
တူရိယာပြခန်းများ၊ ဘော်လီဘော၊ ကြက်တောင်၊ ပိုက်ကျော်ခြင်းပြိုင်ပွဲများ၊ ရိုးရာအားကစားပြိုင်ပွဲများနှင့်
ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး ပွဲတော်ဖြစ်မြောက်ရေးအတွက်
အလှူငွေများ လှူဒါန်းလိုပါက ဒေါ်ဆာဆု - ဥက္ကဋ္ဌ ဖုန်း- ဝ၉-၂၅၉ဝ၄၅၂ဝဝ သို့ ဆက်သွယ်
လှူဒါန်းနိုင်ကြောင်း သိရသည်။










