မော်လမြိုင် ပြည်သူ့ဆေးရုံကြီးတွင် မျက်စိအတွင်းတိမ် လူနာများအား အခမဲ့ ခွဲစိတ်ကုသပေးမည်

မော်လမြိုင် ပြည်သူ့ဆေးရုံကြီးတွင် မျက်စိအတွင်းတိမ် လူနာများအား အခမဲ့ ခွဲစိတ်ကုသပေးမည်

မွန်ပြည်နယ်အတွင်းရှိ မျက်စိအတွင်းတိမ် ခံစားနေရသော ပြည်သူများအား မော်လမြိုင်
ပြည်သူ့ဆေးရုံကြီးတွင် အခမဲ့ ခွဲစိတ်ကုသပေးသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏
လူမှုကွန်ရက်စာမျက်နှာတွင် နိုဝင်ဘာ ၉ ရက်က ဖော်ပြထားသည်။

မွန်ပြည်နယ်တွင်း မြို့နယ် ၁၀ မြို့နယ်မှ အတွင်းတိမ်လူနာ ၂၀၀ ဦးအား ထိုင်းနိုင်ငံ SCG Thailands's
Crown Pro perty Bureau and Banphaeo Hospital နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊
ကုသရေးဦးစီးဌာနတို့ ပူးပေါင်းပြီး မော်လမြိုင်ပြည်သူ့ဆေးရုံကြီးတွင် နိုဝင်ဘာ ၃၀ ရက်နေ့မှ
ဒီဇင်ဘာ ၂ ရက်နေ့ထိ ခွဲစိတ်ကုသပေးသွား မည် ဖြစ်ကြောင်း သိရသည်။

မျက်စိအတွင်းတိမ်ခံစားနေရသော ဝေဒနာရှင်များအနက် ခွဲစိတ်ရမည့် လူနာများအား
နိုဝင်ဘာ ၂၈ ရက်တွင် မော်လမြိုင် ပြည်သူ့ဆေးရုံကြီးမှ မျက်စိအထူးကုဆရာဝန်ကြီးများက
ထပ်မံစစ်ဆေး အတည်ပြုသွားမည်ဖြစ်ရာ ခွဲစိတ်ကုသမှုခံယူသူများအနေဖြင့် နီးစပ်ရာ ကျန်းမာရေးဌာန၊
ဌာန(ခွဲ)များနှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံသို့ သွားရောက် စာရင်းပေးနိုင်ကြောင်း
မြို့နယ်ကျန်းမာရေးဌာနမှ ထုတ်ပြန်ထားသည်။