နိုင်ငံတော်အတိုင်ပင်ခံရုံး၏ သတင်းထုတ်ပြန်ရေးကော်မတီကို ဖွဲ့စည်းခဲ့

နိုင်ငံတော်အတိုင်ပင်ခံရုံး၏ သတင်းထုတ်ပြန်ရေးကော်မတီကို ဖွဲ့စည်းခဲ့

 

ရခိုင်ပြည်နယ်အတွင်း ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်ဆောင်ရွက်
နိုင်ရန်အတွက် “ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေးကော်မတီ” ကို ဖွဲ့စည်းလိုက်ကြောင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော် သမ္မတရုံး၏ လူမှုကွန်ရက်စာမျက်နှာတွင်
နိုဝင်ဘာ ၁၆ ရက်က ဖော်ပြထားသည်။

အဆိုပါ နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေး ကော်မတီတွင် နိုင်ငံတော်အတိုင်ပင်ခံရုံး
၀န်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်က ဥက္ကဋ္ဌအဖြစ်လည်း ကောင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး
(ကြည်း) ဗိုလ်ချုပ်စိုး နိုင်ဦးက ဒုတိယဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ပြန်ကြားရေး ၀န်ကြီးဌာန၊ သတင်းနှင့်
စာနယ် ဇင်းလုပ်ငန်းမှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးကျော်စိုး၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ
ဒုတိယညွှန်ကြားရေး မှူးချုပ် ဒေါ်အေးအေးစိုး၊ ပြည်ထဲရေး ၀န်ကြီးဌာနမှ ရဲမှူးကြီး မျိုးသူစိုးနှင့်
နယ်စပ်ရေးရာဝန်ကြီး ဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်ဝင်းအောင်တို့က အဖွဲ့ဝင် များအဖြစ်လည်းကောင်း၊
နိုင်ငံတော်သမ္မတရုံး၏ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက အတွင်းရေးမှူး အဖြစ်လည်းကောင်း
တာဝန်ယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။