မန္တလေးမြို့ ချမ်းမြရွှေပြည်ယာဉ်ရပ်နားစခန်းကို အမြန်ဆုံး အဆင့်မြှင့်တင်မည်

မန္တလေးမြို့ ချမ်းမြရွှေပြည်ယာဉ်ရပ်နားစခန်းကို အမြန်ဆုံး အဆင့်မြှင့်တင်မည်

မန္တလေးမြို့ ချမ်းမြရွှေပြည်ယာဉ်ရပ်နားစခန်း (ကျွဲဆည်ကန် ကားကွင်း)၌ ခရီးသည်များ
သက်သောင့် သက်သာဖြင့်Transit ပြုလုပ်နိုင်ရန် လေယာဉ်ကွင်းတစ်ခုကဲ့သို့ အဆင့်မြှင့်တင်ရေး
လုပ်ငန်းများကို M-development Corporation Myanmar Co. Ltd က အမြန်ဆုံး
အကောင်အထည်ဖော်သွားမည် ဖြစ် ကြောင်း မြို့တော် စည်ပင်သာယာရေးကော်မတီ၊
 
အဆောက်အအုံနှင့် ကုန်ရုံဌာန ဌာနမှူး ဦးဇော်ဝင်း၏ ပြောကြားချက်ကို ကိုးကားကာ
ပန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် နို၀င်ဘာ ၁၈ ရက်က
ဖော်ပြထားသည်။

ယာဉ်ရပ်နားစခန်းကို အဆင့်မြှင့်တင်မည့်လုပ်ငန်း ဆောင်ရွက် ရာတွင် လုပ်ငန်းမပျက်
ယာဉ်ရပ်နားရန် အခြားအစားထိုးနေရာ များကို ရှာဖွေနေပြီး ယခုဘတ်ဂျက်နှစ်တွင်
အမြန်ဆုံးအကောင် အထည်ဖော် သွားမည် ဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့သည် အချက်အချာကျသည့် မြို့ဖြစ်သည့်အတွက်အနယ်နယ်အရပ်ရပ်မှ
ရောက်ရှိလာသည့် ခရီးသည်များ တစ်နေရာမှ တစ်နေရာသို့ ကူးပြောင်း သွားလာရာတွင်
သက်သောင့်သက်သာနှင့် လုံခြံုမှု ရှိစေရန်၊ ယာဉ်များကို ဂိတ်နံပါတ်အလိုက် အဝင်နေရာနှင့်
ဆိုက်ရောက်နေရာများ စီစဉ်ပေးသွားမည်ဟု ဆိုသည်။

ဧရိယာ ၁၄ ဒသမ ၂ ဧကကျယ်ဝန်းသော အဆိုပါယာဉ်ရပ်နား စခန်းမှာ လက်ရှိအချိန်တွင်
အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ သယ်ယူပို့ဆောင်နေသည့် ယာဉ်အသင်း ပေါင်း
၁၅၆ သင်း၊ ယာဉ်စီးရေ ၁၇ဝဝ ကျော်မှ နေ့စဉ် အစီးရေ ၃၅ဝ ကျော် သယ်ယူ
ပို့ဆောင်ပေးနေကြောင်း၊ အဆင့်မြှင့်တင်ပြီးပါက ယာဉ် များ ဆိုက်ရောက်၊ ရပ်နားရန်
အဆင့်မြင့်နေရာများ စနစ်တကျ ရှိလာမည် ဖြစ်ကြောင်း အဝေးပြေးယာဉ်လုပ်ငန်းများ
ကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်လင်းက ပြောကြားခဲ့သည်။