ရန်ကုန်မြို့သစ်စီမံကိန်းအကောင်အထည်ဖော်ရာတွင် မြေစျေးနှုန်း ကြီးမြင့်မှုမရှိစေရန် အစိုးရကိုယ်တိုင် ကြီးကြပ်မည်

ရန်ကုန်မြို့သစ်စီမံကိန်းအကောင်အထည်ဖော်ရာတွင် မြေစျေးနှုန်း ကြီးမြင့်မှုမရှိစေရန် အစိုးရကိုယ်တိုင် ကြီးကြပ်မည်

ရန်ကုန်မြို့သစ်စီမံကိန်းကို အကောင်အထည်ဖော်ရာတွင် အစိုးရက မြေစျေးကြပ်
မတ်ထိန်းညှိပြီး စနစ်တကျတင်ဒါ ခေါ်ကာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေး
၀န်ကြီးဌာန၏ လူမှုကွန်ရက် စာမျက်နှာတွင် နိုဝင်ဘာ ၁၈ ရက်က ဖော်ပြထားသည်။

အဆိုပါ ရန်ကုန်မြို့သစ်စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး တစ်ဖက်ကမ်းရှိ တွံတေး၊ ကြည့်မြင်တိုင်၊
ဆိပ်ကြီးခနောင်တို မြို့နယ် ၃ မြို့နယ်အတွင်းရှိ မြေဟက်တာ ရ၂၈၄ ပေါ်တွင် အကောင်အထည်ဖော်
ဆောင်ရွက်သွားမည်ဖြစ်ပြီး စီမံကိန်း အတွက် ပြီးခဲ့သည့် အစိုးရလက်ထက်က တင်ဒါခေါ်ယူခဲ့ရာ
ရန်ကုန်အနောက်တောင်ဒေသဖွံ့ဖြိုးရေး အများနှင့်သက်ဆိုင် သော ကုမ္ပဏီ၊ ရွှေပုပ္ပား
အပြည်ပြည်ဆိုင်ရာ ဆောက်လုပ် ရေးနှင့် Business Capital City Development Ltd တို့ကို
ရွေးချယ်ခဲ့ကြောင်း သိရသည်။

အစိုးရအဖွဲ့သစ်အနေဖြင့် မြို့သစ်စီမံကိန်းကို စနစ်တကျကြီးကြပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
နိုဝင်ဘာလ ဒုတိယပတ်က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင်
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြော ကြားခဲ့သည်။ ကုမ္ပဏီများကို မြေများ
ခွဲပေးရန် အစီအစဉ်မရှိ ကြောင်း၊ အခြေခံအဆောက်အအုံ တည်ဆောက်သည့် အပိုင်းတွင်
ပါဝင်ခွင့်ရနိုင်ပြီး ဆက်လက်မလုပ်ကိုင်လိုပါက အခြား ကုမ္ပဏီများကို တင်ဒါခေါ်
သွားမည်ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောကြားခဲ့သည်။

ရန်ကုန်မြို့သစ်စီမံကိန်းကို အကောင်အထည်ဖော်ရာတွင် နှစ် အလိုက် တစ်ဆင့်ချင်း
ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်သူ လူထု၏ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက
ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အနာဂတ်ကာလတွင် တိုးပွားလာမည့်
ရန်ကုန်မြို့တော်၏ လူဦးရေအတွက် အိမ်ရာ များ၊ စက်ရုံ၊ အလုပ်ရုံများ၊ စီးပွားရေးလုပ်ငန်းများ
တိုးချဲ့ရန် လိုအပ်သောကြောင့် အဆိုပါ စီမံကိန်းကို အကောင်အထည် ဖော်ရခြင်းဖြစ်ကြောင်း
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။