ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ရှိ စီးပွားရေးဆန်သော နှစ်ရှည်ကန်ထရိုက် ၁၄ မျိုးအား ပယ်ဖျက်ခဲ့

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ရှိ စီးပွားရေးဆန်သော နှစ်ရှည်ကန်ထရိုက် ၁၄ မျိုးအား ပယ်ဖျက်ခဲ့

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးသို့ လာရောက် ဖူးမြော်ကြည်ညိုကြသည့်
ဘုရားဖူးပြည်သူများစိတ်နှလုံး ချမ်းမြေ့စွာ ဘုရားဖူးနိုင်ရေးအတွက် စီးပွားရေးဆန်သော
အနှစ် ၂ဝ၊ အနှစ် ၃ဝ ရေရှည် ကန်ထရိုက်စာချုပ်ပေါင်း ၁၄ မျိုးကို ပယ်ဖျက်ခဲ့ကြောင်း
ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှု ကွန်ရက်စာမျက်နှာတွင် နိုဝင်ဘာ ၂၂ ရက်က
ဖော်ပြထားသည်။

နိုဝင်ဘာ ၂၁ ရက်က ကျင်းပခဲ့သော သတ္တမအကြိမ် နိုင်ငံ တော် သံဃမဟာနာယကအဖွဲ့
(၄၇)ပါးစုံညီ ဒွါဒသမအစည်း အဝေး၌ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဂေါပကအဖွဲ့ ဟောင်းကို
ဖျက်သိမ်းပြီး အင်ဂျင်နီယာ၊ ဆရာဝန်၊ စာရင်းအင်း ပညာရှင်နှင့် ဥပဒေပညာရှင်များ ပါဝင်သော
ယာယီဂေါပက အဖွဲ့ ကို ဖွဲ့စည်းခဲ့ကြောင်း၊ ခေတ်ကာလနှင့် မလျော်ညီသော ဂေါပကစည်းမျဉ်းကို
ပြင်ဆင်ရေးဆွဲကာ အတည်ပြုချက်ရရှိရေး ဆောင်ရွက်နေကြောင်း၊ စေတီတော်ဝတ္တက မြေအတွင်း
စည်းမျဉ်းစည်းကမ်း လိုက်နာမှုမရှိသည့် စီးပွားရေးလုပ်ငန်း များကို တည်ဆဲဥပဒေ၊
လုပ်ထုံးလုပ်နည်းများနှင့်အညီ တရား စွဲဆိုသွားရန်နှင့် ဥပဒေမဲ့ လုပ်ဆောင်နေသည့်
လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းတို့အား တည်ဆဲ ဥပဒေများဖြင့် တရားစွဲဆိုသွားရန်
စီမံဆောင်ရွက်ခဲ့ကြောင်း နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ ဆရာတော်ကြီးများအား
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကိုက တင်ပြ
လျှောက်ထားခဲ့သည်။

လက်ရှိတွင် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်၌ ဘက်စုံ ပဒေသာပင် အလှူခံဌာန တစ်ခုတည်းသာ
ဖွင့်လှစ်ထားပြီး ရွှေသင်္ကန်းကန်ထရိုက်လုပ်ငန်း၊ အလှူခံပုံးစသည့် ကန် ထရိုက်စာချုပ်စနစ်များကို
ပယ်ဖျက်ခဲ့ကြောင်း၊ ဘုရားဖူးများ အခမဲ့တည်းခိုနိုင်ရေးအတွက် တည်းခိုဆောင်ကန်ထရိုက်
စာချုပ်စနစ်ကိုလည်း ပယ်ဖျက်၍ တိဿဓမ္မာရုံ၊ သီဟဆောင်၊ ပေ ၄ဝ ဓမ္မာရုံ စသည့် ဓမ္မာရုံနှင့်
တည်းခိုဆောင်တို့တွင် ဘုရားဖူးများ တည်းခိုနိုင်ရေး စီမံထားကြောင်း၊ အခပေး တည်းခိုဆောင်များ
တွင်လည်း Air-con၊ ခေါင်းအုံး၊ စောင်၊ ခြင်ထောင်များ ဝန်ဆောင်မှုပေး၍ တစ်ဦးလျှင် ကျပ် ၅ဝဝဝ၊
ကျပ် ၁ဝဝဝဝ၊ ကျပ် ၁၅ဝဝဝ စသည်ဖြင့် ယခင်ထက် သက်သာ သော နှုန်းထားများဖြင့်
တည်းခိုနိုင်အောင် စီစဉ်ထားကြောင်း သိရသည်။

၂၀၁၅ ခုနှစ် တောင်တော်ဖွင့်ပွဲတွင် အလှူငွေ ကျပ် ၁၂၇ သိန်းရရှိခဲ့ပြီး ယခုနှစ် တောင်တော်ဖွင့်ပွဲတွင်
အလှူငွေ ကျပ် ၈၄၄ သိန်း၊ ယခင်နှစ် ရွှေဆိုင်းအရောင်းလုပ်ငန်းကို ကန် ထရိုက်စနစ်ကျင့်သုံးစဉ်က
လေလံကြေး တစ်နှစ်စာ ငွေကျပ် ၆၃၈ သိန်းကျော် ရရှိခဲ့ပြီး ယခုနှစ်ပွဲတော်ကာလ အောက်တိုဘာ
၁၆ ရက်မှ ၃၁ ရက်အထိ ၁၆ ရက် ကာလအတွင်း ငွေကျပ် ၆၂၉ သိန်းကျော် ရရှိခဲ့ကြောင်း၊
ရင်ပြင်တော် အလှူခံပုံးများတွင် ယခင်နှစ်က ငွေကျပ် ၄ဝ၈ သိန်းရရှိခဲ့ပြီး ယခုနှစ် အောက်တိုဘာ
၁၆ ရက်မှ နိုဝင်ဘာ ၉ ရက်အထိ ၂၇ ရက်အတွင်း ငွေကျပ် ၄၂၂ သိန်းရရှိသဖြင့် ငွေကျပ် ၁၄ သိန်း
ပိုမိုရရှိခ ကြောင်း၊ ဆည်းလည်းအရောင်းလုပ်ငန်းကို ကန်ထရိုက်စနစ်ကျင့်သုံးစဉ်က ငွေ
ကျပ် ၁၆၇ သိန်းကျော် ရရှိခဲ့ပြီး ယခုနှစ်၌ တစ်လအတွင်း အမြတ်ငွေ ကျပ် ၂၁ သိန်း ကျော်
ရရှိခဲ့ကြောင်း ဖော်ပြထားသည်။