ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းအဆင့်မြှင့်တင်မှုကို ၂ဝ၁၇ ဧပြီလတွင် စတင်မည်

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းအဆင့်မြှင့်တင်မှုကို ၂ဝ၁၇ ဧပြီလတွင် စတင်မည်

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းအဆင့်မြှင့်တင်မှုကို ၂ဝ၁၇ ဧပြီလတွင် စတင်မည်ဖြစ်ကြောင်း
မြန်မာ့ မီးရထားအထွေ ထွေမန်နေဂျာ (အောက်မြန်မာပြည်) ဦးထွန်းအောင်သင်း၏ ပြောကြားချက်ကို
ကိုးကားကာ ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် နိုဝင်ဘာ ၂၂ ရက်က
ဖော်ပြထားသည်။

ခရီးသွားပြည်သူများ သက်သောင့်သက်သာရှိစေရန်၊ လုံခြံု စိတ်ချမှုရှိစေရန်ှနှင့် ပိုမိုကောင်းမွန်သော
ခရီးသွားဝန်ဆောင် မှု စနစ်ရရှိစေရန်အတွက် ဆောင်ရွက်မည့် အဆိုပါ ရန်ကုန် မြို့ပတ်လမ်းပိုင်းအဆင့်
မြှင့်တင်ခြင်းစီမံကိန်းတွင် ရထားတွဲများ အစားထိုးခြင်း၊ ရထားလမ်းနှင့် ဆက်နွယ်သော လမ်းပြုပြင်ခြင်း၊
ပလက်ဖောင်း၊ ဘူတာရုံအဆောက်အအုံနှင့် တံတားများ ဆောက်လုပ်ခြင်းတို့ ပါ၀င်မည်ဖြစ်ကြောင်း၊
စီမံကိန်းနှင့် မလွတ်ကင်း၍ ဖယ်ရှားခံရမည့် နေရာများတွင် အစားထိုးမြေ နေရာများ စီစဉ်ပေးပြီး
လျော်ကြေးနှင့် အခြားထောက်ပံ့ကြေးများကို မရွှေ့ပြောင်းမီတွင် မြန်မာ့မီးရထားက ပေးအပ်သွားမည်
ဖြစ်ကြောင်း၊ ဆင်းရဲသည့် မိသားစုဝင်များ၊ သက်ကြီးရွယ်အိုများ၊ အမျိုးသမီးနှင့် ကလေးငယ်များအတွက်
အလေးထား ဆောင်ရွက်မည် ဖြစ်ကြောင်း ဦးထွန်းအောင်သင်းက ပြောကြား ခဲ့သည်။

မြန်မာ့မီးရထားအနေဖြင့် ဘူတာရုံများနှင့် သက်ဆိုင်သည့် လုပ်ငန်းများ၊ နှစ်ကာလကြာမြင့်နေသည့်
ရထားသံလမ်းပြုပြင် ခြင်း၊ လူကူးခုံးကျော်တံတားများ၊ ပလက်ဖောင်းများ၊ ခြံစည်းရိုး ကာရံခြင်း
စသည်တို့ကို အမျိုးသားရန်ပုံငွေဖြင့် အကောင် အထည်ဖော်မည် ဖြစ်ပြီး အလိုအလျောက် အချက်ပြစနစ်များ
ပါဝင်သည့် ပိတ်ဖွင့်တံခါးများကို ကားလမ်းကူး ၂၅ ခုတွင် တပ် ဆင်ခြင်းနှင့် ဒီဇယ်အင်ဂျင်သုံး ရထားတွဲ
၆၆တွဲ ဝယ်ယူခြင်း တို့ကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီမှ
ချေးငွေဖြင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်းအားလုံးကို ပတ်ဝန်းကျင်
ထိန်းသိမ်းရေးဦးစီး ဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း
မြန်မာ့မီးရထားမှ သိရသည်။