ခေတ်ပြိုင်သမိုင်းဆိုင်ရာ စာပေ စာတမ်းဖတ်ပွဲနှင့် ဆောင်းရာသီစာအုပ်စျေးရောင်းပွဲတော် ကျင်းပမည်

ခေတ်ပြိုင်သမိုင်းဆိုင်ရာ စာပေ စာတမ်းဖတ်ပွဲနှင့် ဆောင်းရာသီစာအုပ်စျေးရောင်းပွဲတော် ကျင်းပမည်

''ခေတ်ပြိုင်သမိုင်းဆိုင်ရာ စာပေစာတမ်းဖတ်ပွဲနှင့် ဆောင်းရာသီ စာအုပ်စျေးရောင်းပွဲတော်'' ကို
ပြန်ကြားရေးဝန်ကြီးဌာနက ကြီးမှူး ကျင်းပမည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်
စာမျက်နှာတွင် နိုဝင်ဘာ ၂၂ ရက်က ဖော်ပြထားသည်။

ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ ဗဟိုပုံနှိပ်စက်ရုံ
ပထမထပ်ခန်းမဆောင် ၌ ခေတ်ပြိုင်သမိုင်းဆိုင်ရာ စာပေစာတမ်းဖတ်ပွဲကို ကျင်းပသွား မည်ဖြစ်ပြီး
မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်း ၏ စီစဉ်မှုဖြင့် ကျင်းပမည့် ဆောင်းရာသီ
စာအုပ် စျေးရောင်းပွဲတော် ကို အဆိုပါစက်ရုံ၏ ပထမထပ်ခန်းမဆောင် ပြင်ပပတ်လမ်းနှင့်
စက်ရုံမြေညီထပ် ပတ်လမ်းတို့၌လည်းကောင်း စာအုပ်ဆိုင်ခန်း ပေါင်း ၂ဝဝ ကျော် ဖွင့်လှစ်ကာ
ဒီဇင်ဘာ ၁ ရက်မှ ၄ ရက် အထိ လေးရက်တိုင်တိုင် နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ
ခင်းကျင်းပြသရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါပွဲတော် ကျင်းပမည့်နေ့ရက်/နေရာတို့ကို ဖော်ပြထား သည့် အသိပေးစာတန်းပါ
ဗီနိုင်းဆိုင်းဘုတ်ကြီးကို ဗဟိုပုံနှိပ် စက်ရုံရှေ့ထောင့်၌ တစ်နေရာနှင့် သိမ်ဖြူလမ်းနှင့် အနော်ရထာ
လမ်းထောင့်၌ တစ်နေရာ စုစုပေါင်း နှစ်နေရာတို့၌ အများပြည်သူ သိရှိနိုင်ရန်
အသိပေးနှိုးဆော်ထားကြောင်း တွေ့ရသည်။