ရန်ကုန်မြို့၊ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်၌ တပ်မတော် လေယာဉ်တစ်စီး အင်ဂျင်စက်
နှိုးစမ်းသပ်စဉ် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏
ပြောကြားချက်ကို ကိုးကားကာ ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင်
နိုဝင်ဘာ ၂၃ ရက်က ဖော်ပြ ထားသည်။
နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက် ၉ နာရီ ၄၀ မိနစ်တွင် F-7 လေယာဉ်တစ်စီးကို စက်နှိုးစမ်းသပ်ရာ
အင်ဂျင်မှတစ်ဆင့် စတင်မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး မင်္ဂလာဒုံလေတပ်စခန်း ဌာနချုပ်မှ
မီးသတ်ယာဉ်များ၊ ရန်ကုန်လေဆိပ်မှ မီးသတ် ယာဉ်များ၏ ၀ိုင်းဝန်းငြိှမ်းသတ်မှုကြောင့်
နံနက် ၉ နာရီ ၅၅ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
စိစစ်မှုများအရ အဆိုပါလေယာဉ်မှာ ပြင်ဆင်ရန်အတွက် မြေပြင်၌ ရပ်နားထားရှိပြီး
စက်နှိုးစမ်းသပ်စဉ် မီးလောင် ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်ကျွမ်းမှုကြောင့် လူထိခိုက်
ဒဏ်ရာရရှိမှုမရှိကြောင်းနှင့် မီးစတင် လောင်ကျွမ်းရခြင်း ၏ အကြောင်းအရင်းအား
ဆက်လက်စုံစမ်းစစ်ဆေးသွား မည်ဖြစ်ကြောင်း ဖော်ပြထားသည်။










