ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ရန်ကုန်လိုင်စင်ဖြင့် ချထားသော ယာဉ်နံပါတ်အနက်များကို
အနီအဖြစ် ပြောင်းလဲ၍ အငှားယာဉ်အဖြစ် ပြေးဆွဲခြင်းကို ၂ဝ၁၇ ခုနှစ်တွင် ခွင့်ပြုတော့မည်
မဟုတ်ကြောင်း ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန အကြီးတန်းအရာရှိ တစ်ဦး၏
ပြောကြားချက်ကို ကိုးကားကာ မြဝတီသတင်း တစ်ရပ်တွင် နိုဝင်ဘာ ၂၃ ရက်က
ဖော်ပြထားသည်။
လက်ရှိတွင်လည်း ထိုသို့ ယာဉ်နံပါတ်အနက်များကို အနီ အဖြစ် ပြောင်းလဲ၍ အငှားယာဉ်အဖြစ်
ပြေးဆွဲခြင်းကို တိုင်းဒေသကြီးအတွင်း၌ ဖြစ်ပေါ်နေသည့် ယာဉ်ကြော ပိတ်ဆို့မှုကြောင့်
ခွင့်ပြုမထားကြောင်း၊ ယာဉ် ကျပ်တည်း မှုများကို လျှော့ချနိုင်ခြင်း မရှိသေးသဖြင့် နံပါတ်အနက်များကို
အနီထပ်ပြောင်းခွင့်ပြုလျှင် ယာဉ်ကြောအခြေအနေ ပိုမိုဆိုးရွားလာနိုင်ကြောင်း ၄င်းက
ပြောကြားခဲ့သည်။
ရေရှည်စီမံကိန်းအနေဖြင့် ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့ မှုကို လျှော့ချနိုင်ရေးအတွက် အငှားယာဉ်
အရေအတွက် ထပ်မံတိုးပွားမလာစေရန် လာမည့်နှစ်တွင် ရန်ကုန်တိုင်း ဒေသကြီး၌
ရန်ကုန်လိုင်စင်ယာဉ်များထဲမှ နံပါတ်အနီယာဉ် များကို အနက်သို့ ပြောင်းလဲခြင်းအား
ဆောင်ရွက်ပေးမည် ဖြစ်ပြီး အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်လိုင်စင်ဖြင့် ယာဉ်များကို ၂ဝ၁၇
ခုနှစ်ထဲတွင် နံပါတ်အနီမှ အနက်သို့ ပြောင်း လဲခြင်းအား ပိုင်ရှင် စိတ်ကြိုက် အချိန်မရွေး
ဆောင်ရွက်ခွင့် ပေးသွားမည်ဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံးရှိ က-ည-န ရုံးများ၌
သွားရောက်ဆောင်ရွက်နိုင်ကြောင်း သိရသည်။
ဓာတ်ပုံ - The Myawady Daily










