သက်ငယ်မုဒိမ်းမှုပပျောက်စေရေးအတွက် မန္တလေးမြို့တွင် ဂရပ်ဖစ်တီ ရေးဆွဲပြီး ဆန္ဒဖော်ထုတ်

သက်ငယ်မုဒိမ်းမှုပပျောက်စေရေးအတွက် မန္တလေးမြို့တွင် ဂရပ်ဖစ်တီ ရေးဆွဲပြီး ဆန္ဒဖော်ထုတ်

သက်ငယ်မုဒိမ်းမှုများ ပပျောက်စေရေးအတွက် မန္တလေးမြို့၊ နဝရတ်အိမ်ရာလမ်းမဘေးရှိ
အုတ်နံရံပေါ်တွင် နိုဝင်ဘာ ၂၂ ရက်နေ့က ဂရပ်ဖစ်တီရေးဆွဲ ဆန္ဒဖော်ထုတ်ခဲ့ကြောင်း
ဂရပ် ဖစ်တီပညာရှင် Mc Prince ၏ ပြောကြားချက်ကို ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင်
နိုဝင်ဘာ ၂၃ ရက်က ဖော်ပြထားသည်။

ဖြူစင်ငယ်ရွယ်သော သက်ငယ်မိန်းကလေးများ၏ ဘဝ အညွန် ချိုးခံရပြီး အမှောင်ကျသွားရမှုများကို
ပုံဖော်လိုသောကြောင့် အဆိုပါ ဂရပ်ဖစ်တီပုံတွင် အနက်ရောင်များကို အများဆုံးအသုံး ပြုထားပြီး
အနက်ရောင်ဆေးဘူး သုံးဘူး၊ အဖြူရောင်ဆေးဘူး တစ်ဘူး၊ အသားရောင်ဆေးဘူး တစ်ဘူး ၊
ပန်းရောင်ဆေးဘူး နှစ်ဘူးတို့ကို အသုံးပြုရေးဆွဲခဲ့ကြောင်း ရေးဆွဲထားကြောင်း သိရသည်။

သက်ငယ်မုဒိမ်းမှုများ ပပျောက်စေရေးအတွက် ဆန့်ကျင်သည့် အနေဖြင့် ရေးဆွဲခြင်းဖြစ်ကြောင်း၊
မုဒိမ်းမှုဖြစ်ရုံသာမက လူ သတ်သည်အထိ ဖြစ်လာသည်ကို တွေ့လာရသဖြင့် ကျူးလွန်သူများကို
ကြီးလေးသော ပြစ်ဒဏ်ပေးစေလိုကြောင်း ဂရပ်ဖစ်တီ ပညာရှင် Mc Prince က ပြောကြားခဲ့သည်။

Mc Prince သည် အာဇာနည်နေ့တွင် အာဇာနည်ခေါင်းဆောင် ကြီးကိုးဦး၏ ပုံတူများ ရေးဆွဲခြင်း၊
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ တွင် ဒေါ်အောင်ဆန်းစုကြည် ပုံတူရေးဆွဲခြင်း၊ သမ္မတ ဦးထင်ကျော်
သမ္မတဖြစ်ချိန်တွင် သမ္မတ ဦးထင်ကျော်ပုံတူရေးဆွဲခြင်း၊ ဗိုလ်ချုပ် အောင်ဆန်းမွေးနေ့တွင်
ဗိုလ်ချုပ်အောင်ဆန်း ပုံတူ ရေးဆွဲခြင်း၊ လှေမှောက်ပြီး အသက်သေဆုံးခဲ့သူများအတွက်
ဝမ်းနည်းကြောင်း ရေးဆွဲခြင်းတို့ကို တတ်ကျွမ်းသည့် ဂရပ်ဖစ်တီပညာဖြင့် ဆောင်ရွက်ခဲ့သည်ဟု
ဆိုသည်။