ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေဒေသ၌ ဒိန်းမတ်နိုင်ငံ အခြေစိုက် Albatros ကုမ္ပဏီနှင့်
Myanmar Voyages International Tourism ကုမ္ပဏီတို့ ပူးပေါင်းစီစဉ်သည့်
စတုတ္ထအကြိမ်မြောက် နိုင်ငံတကာဖိတ်ခေါ် အပျော်တမ်း မာရသွန်နှင့် မီနီမာရသွန်ပြိုင်ပွဲ
(Bagan Temple Marathon) ကို နိုဝင်ဘာ ၂၆ ရက်တွင် ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း
မြဝတီသတင်းတစ်ရပ်တွင် နိုဝင်ဘာ ၂၃ ရက်က ဖော်ပြထားသည်။
နိုဝင်ဘာ ၂၆ ရက် နံနက် ရ နာရီတွင် ထီးလိုမင်းလိုဘုရား အရှေ့ဘက်မုခ်ကွင်းပြင်မှ
စတင်တာလွှတ်ပေးမည် ဖြစ်ပြီး မာရသွန်နှင့် မီနီမာရသွန်ပြိုင်ပွဲဝင်အားကစားများအတွက်
အခက်အခဲမရှိစေရန် ပြေးလမ်းတစ်လျှောက်တွင် အမှတ် အသားများ
ခွဲခြားပြုလုပ်ပေးထားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲသို့ ဒိန်းမတ်၊ အမေရိကန်နှင့် မြန်မာအပါ အဝင် နိုင်ငံပေါင်း ၃၅ နိုင်ငံမှ
အားကစားသမားများ ဝင် ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ ပုဂံဒေသခံ
အားကစားသမားများနှင့် မြန်မာ့လက်ရွေးစင် အားကစားသမားများ အပါအဝင်
အားကစားသမားဦးရေ ၁ဝဝ ခန့် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။










