ြ
မြန်မာနိုင်ငံ၌ လက်ရှိသုံးစွဲနေသော ငွေစက္ကူများတွင် နိုင်ငံ့အာဇာနည်ခေါင်းဆောင်ကြီး
ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံပါ ငွေစက္ကူများ အစားထိုးရိုက်နှိပ်ထုတ်ဝေရန်အတွက်
မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေပုဒ်မ ၆၆ အရ အစိုးရအဖွဲ့၏ သဘောတူညီချက်၊
ပြည်ထောင်စု လွှတ်တော်၏ အတည်ပြု ချက်တို့ကို ရယူကာ ဆောင်ရွက် ရမည်ဖြစ်ကြောင်း
နိုဝင်ဘာ ၂၂ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးကို ကိုးကားကာ
ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် နိုဝင်ဘာ ၂၄ ရက်က ဖော်ပြထားသည်။
လက်ရှိကိုင်တွယ်သုံးစွဲနေသော ငွေစက္ကူအမျိုးမျိုးပေါ်ရှိ ဆင်တံဆိပ်နှင့် ခြင်္သေ့တံဆိပ်ရုပ်ပုံများ
အစား အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါသော ငွေ စက္ကူသစ်များဖြင့်
အစားထိုးရိုက်နှိပ် သုံးစွဲထုတ်ဝေလျှင် လှည့်လည်သုံးစွဲလျက်ရှိသည့့် ငွေပမာဏကို
လဲလှယ်ပေး နိုင်ရန် လှည့်လည်သုံးစွဲလျက်ရှိသည့် ပမာဏနီးပါးကို မှာကြားရိုက်နှိပ်
သိုလှောင်ထားရမည်ဖြစ်သောကြောင့် ကုန်ကျစရိတ် ပိုမိုများပြားနိုင်သကဲ့သို့
ငွေစက္ကူပုံစံအမျိုးမျိုး ရှိနေသည့်အတွက် ငွေစက္ကူအပေါ် ပြည်သူများ ယုံကြည်မှု
အားနည်းလာနိုင်သည့်အတွက် နိုင်ငံစီးပွားရေးတည်ငြိမ်ပြီး သင့်လျော်သောကာလတွင်
ဥပဒေ ပြဋ္ဌန်းချက်များနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌက
ပြောကြားခဲ့သည်။
သရက်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်ဦးကံမြင့်က ၄င်းမေးမြန်းသည့် မေးခွန်းနှင့်
ပတ်သက်ပြီး မြန်မာနိုင်ငံတွင် တစ်ချိန်က အမျိုးသားခေါင်းဆောင်ကြီး၊ အာဇာနည် ဗိုလ်ချုပ််
အောင်ဆန်း၏ ရုပ်ပုံပါ ငွေစက္ကူများကို ထုတ်ဝေသုံးစွဲခဲ့သော် လည်း ယခုအခါတွင် နိုင်ငံအတွက်
ဂုဏ်ယူဝင့်ကြွားနိုင်မှုမရှိ ဘဲ ဆင်ရုပ်၊ ခြင်္သေ့ရုပ်များဖြင့် သုံးစွဲနေရသဖြင့် စိတ်မကောင်း
ဖြစ်မိကြောင်း၊ နိုင်ငံ့ခေါင်းဆောင်များ၊ ထင်ရှားကျော်ကြားသူ များ၏ ရုပ်ပုံလွှာများပါ၀င်သော
ငွေစက္ကူများကို မြင်တွေ့ ရခြင်း ဖြင့် တိုင်းပြည်၏ အနာဂတ်လူငယ်များအနေဖြင့် လေးစား
ဂုဏ်ယူခြင်း၊ အားကျအတုယူခြင်းများ ဖြစ်လာမည် ဖြစ်ကြောင်း ဖွင့်ဟ ပြောကြားခဲ့သည်။










