တရုတ်နိုင်ငံအတွင်း ကျည်ကျရောက်ပေါက်ကွဲမှုမှာ ချစ်ကြည် ရင်းနှီးမှုနှင့် နယ်စပ်တည်ငြိမ်အေးချမ်းမှုကို ပျက်စီးစေရန် KIA နှင့် MNDAA လက်နက်ကိုင်အဖွဲ့များက လုပ်ဆောင်ခဲ့ခြင်း ဖြစ်

တရုတ်နိုင်ငံအတွင်း ကျည်ကျရောက်ပေါက်ကွဲမှုမှာ ချစ်ကြည် ရင်းနှီးမှုနှင့် နယ်စပ်တည်ငြိမ်အေးချမ်းမှုကို ပျက်စီးစေရန် KIA နှင့် MNDAA လက်နက်ကိုင်အဖွဲ့များက လုပ်ဆောင်ခဲ့ခြင်း ဖြစ်

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝမ်တိန်နှင့် မန်ဟိုင်းဒေသ အတွင်း မြန်မာနိုင်ငံဘက်မှ ပစ်ခတ်လိုက်သည့်
လက်နက် ကြီးကျည်များကျရောက်ပေါက်ကွဲခဲ့မှုမှာ မြန်မာ-တရုတ် နှစ်နိုင်ငံရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု နှင့်
နယ်စပ်ဒေသတည် ငြိမ်အေးချမ်းမှုကို ထိခိုက်ပျက်စီးစေရန် KIA နှင့် MNDAA လက်နက်ကိုင်
အဖွဲ့များက ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ ခြင်းဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန
ပြည်သူ့ဆက်ဆံ ရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးမှ ပေးပို့သော သတင်းများကို
ကိုးကားကာ ပြန်ကြားရေးဝန်ကြီးဌာန ၏ လူမှုကွန်ရက်စာမျက်နှာတွင် နိုဝင်ဘာ ၂၄ ရက်က
ဖော်ပြထားသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝမ်တိန်နှင့် မန်ဟိုင်းဒေသအတွင်း သို့ နိုဝင်ဘာ ၂ဝ ရက်က
မြန်မာနိုင်ငံ ဘက်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ဝမ်တိန်ဘက်သို့ ၁၁ လုံး၊
မန်ဟိုင်းဘက်သို့ ကြောင့် တရုတ်ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံဘက်မှ
ပြည်သူတစ်ထောင်ကျော်ခန့်မှာလည်း ဝမ်တိန်နှင့် မန်ဟိုင်းဘက်သို့ ရောက်ရှိနေကြောင်း
တရုတ်ပြည်သူ့လွတ်မြောက် ရေးတပ်မတော်၊ တယ်ဟုန်တိုင်း အခြေချနယ်စပ် ကာကွယ်ရေး
တပ်ဖွဲ့မှ အကြောင်းကြားစာ ပေးပို့ခဲ့ခြင်းဖြစ်သည်။

ဝမ်တိန်ဒေသသည် မြန်မာနိုင်ငံ ကြူကုတ်(ပန်ဆိုင်း)မြို့နှင့်လည်း ကောင်း၊ မန်ဟိုင်းဒေသသည်
မြန်မာ နိုင်ငံ မုံးကိုးမြို့နှင့်လည်း ကောင်း နယ်နိမိတ်ချင်း ထိစပ်နေသော နေရာများဖြစ်ပြီး
နှစ်နိုင်ငံ နယ်စပ် သဘောတူညီချက်ပါ အကွာအဝေးအတိုင်း မြန်မာ-တရုတ် နယ်စပ်တွင်
လုံခြံုရေးဆောင်ရွက်လျက် ရှိသော စခန်းအသီးသီးသို့ KIA နှင့် MNDAA လက်နက်ကိုင်
အဖွဲ့များက လက်နက်ကြီးလက်နက် ငယ် များဖြင့် နိုဝင်ဘာ ၂၁ ရက်တွင် လာရောက်
ပစ်ခတ်တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်ဆေးတွေ့ရှိချက်များအား တရုတ်ပြည်သူ့
လွတ်မြောက်ရေးတပ်မတော်၊ တယ်ဟုန်တိုင်းအခြေချ နယ်စပ် ကာကွယ်ရေးတပ်ဖွဲ့သို့
မြန်မာ့တပ်မတော်နယ်စပ်ဒေသကာကွယ် ရေးဆိုင်ရာ ဆွေးနွေးပွဲအဖွဲ့ခေါင်းဆောင်မှ
တဆင့် ပေးပို့ပြီး ဖြစ်ကြောင်း သိရသည်။