မန္တလေးတိုင်းဒေသကြီး ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ ဒေသ၌ Essence of Myanmar
ခရီးသွားကုမ္ပဏီနှင့် ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ရှိ Destination Unlimited ခရီးသွား
ကုမ္ပဏီတို့၏ စီစဉ်မှုဖြင့် ဥရောပခရီးသွားအဖွဲ့သည် ၁၉၃ဝ-၁၉၇၁ ခုနှစ်ကာလအတွင်းရှိ
ခေတ်ဟောင်းမော်တော်ယာဉ် များဖြင့် ပုဂံဒေသသို့ လည်ပတ်ရန် နိုဝင်ဘာ ၂၇ရက်က
ရောက်ရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ လူမှုကွန်ရက်စာမျက်နှာတွင် နိုဝင်ဘာ၂၈ ရက်က
ဖော်ပြထားသည်။
ဘယ်လ်ဂျီယံနိုင်ငံသား Mr. Frans Maria ACELEN ဦးဆောင် သော အဆိုပါအဖွဲ့တွင်
အမျိုးသား ၂၃ ဦး၊ အမျိုးသမီး ၁၉ ဦး စုစုပေါင်း ၄၂ ဦး ပါဝင်ပြီး ခေတ်ဟောင်းမော်တော်ယာဉ်
၁၇ စီး၊ ပြုပြင်ထိန်းသိမ်းရေးယာဉ် နှစ်စီးဖြင့် လာရောက်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
အဆိုပါ ခေတ်ဟောင်းမော်တော်ယာဉ်ခရီးသွားအဖွဲ့သည် ကျိုင်းတုံ-နမ့်စန်-တောင်ကြီး-အင်းလေး-
ကလောမြို့မှတစ်ဆင့် နိုဝင်ဘာ၂၆ ရက်က ပုပ္ပားဒေသသို့ ရောက်ရှိလည်ပတ်ခဲ့ပြီး နိုဝင်ဘာ
၂၇ ရက် နံနက်ပိုင်းတွင် ပုပ္ပားမှ တစ်ဆင့် ပုဂံဒေသသို့ လည်ပတ်ရန် ထွက်ခွာလာခဲ့ကြောင်း၊
နိုဝင်ဘာ ၂၈ ရက်တွင် တောင်ဘီလယ်ယားကျေးရွာ၊ နတ်ထောင့်ဘုန်းကြီးကျောင်း၌
ဒေသခံကလေးငယ်ကိုးဦးအား ရှင်ပြုနားသအလှူတော်မင်္ဂလာပွဲ ကိုလည်း
ကျင်းပပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။










