ပွင့်လင်းရာသီဝင်ရောက်လာပြီဖြစ်သောကြောင့် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၌ ဖွင့်လှစ်ပြသထားသော
သေမင်းတမန်မီးရထား လမ်းပိုင်းပြတိုက်တွင် လာရောက်လေ့လာကြသော ခရီးသွား ပြည်သူများဖြင့်
စည်ကားလျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် နိုဝင်ဘာ
၂၈ ရက်က ဖော်ပြထားသည်။
အဆိုပါ သေမင်းတမန်မီးရထားလမ်းပိုင်းပြတိုက်သည် ရန်ကုန်- မြိတ် ကားလမ်းမကြီးနှင့်
ရန်ကုန်-ရေး မီးရထားလမ်းတို့ ဆုံရာ သံဖြူဇရပ်မြို့နယ်၊ ဝဲကဝါကျေးရွာတွင် တည်ရှိပြီး
ပြတိုက်၏ နှစ်ထပ် အဆောက်အအုံရှေ့မုခ်ဦးအဝင်ဝ၌ သမိုင်းဝင် စစ်သုံ့ပန်း ချွေးတပ်သားများ၏
အရိုးပေါ်အရေတင် ပိန်ချုံးချည့်နဲ့စွာဖြင့် သံ ပေါက်ချွန်းများ၊ သံပေါက်တူးများကို ကိုင်ဆောင်ကာ
ရထားလမ်း ဖောက်လုပ်နေဟန်များကို ရုပ်တုများ ထုလုပ်ထားရှိကြောင်း၊ ပြတိုက်တွင် သမိုင်း
ရာဇဝင်တွင်ခဲ့သော မီးရထားလမ်းနှင့် ပတ်သက်သည့် မှတ်တမ်းဓာတ်ပုံများ၊ စစ်သုံ့ပန်းတို့၏
ပုံရိပ် များအား ပန်းချီ၊ ပန်းပုနှင့် 3D ဒီဇိုင်းပုံစံများဖြင့် ကြည့်ရှုခွင့်ရရှိ နိုင်ကြောင်း သိရသည်။
အဆိုပါပြတိုက်ကို နေ့စဉ် နံနက် ရ နာရီမှ ည ရ နာရီအထိ ပိတ်ရက်မရှိ ဖွင့်လှစ်ပြသလျက်
ရှိပြီး (၇)နှစ်အောက်ကလေး များ၊ ရဟန်းသံဃာတော်များနှင့် သီလရှင်များအား အခမဲ့ဝင်ခွင့်ပြုကာ
(၇)နှစ် အထက် ကလေးငယ်မှစ၍ တစ်ဦးလျှင် ဝင်ကြေး ငွေကျပ် ၈ဝဝ နှင့် နိုင်ငံခြားသားဧည့်သည်
တစ်ဦးလျှင် ဝင်ေ ဆောင်ရွက်နေစဉ်အတွင်း သေမင်းတမန်မီးရထားလမ်းပိုင်းတွင်
ပထမဆုံးပြေးဆွဲခဲ့သော ကျောက်မီးသွေးစွမ်းအင်သုံး C_0522 မီးရထားစက်ခေါင်းအမည်းကြီး၊
မြန်မာ-ယိုးဒယား သေမင်းတမန် မီးရထားလမ်းပိုင်း စတင်ရာ အထိမ်းအမှတ်နေရာနှင့်
ဆောက်လုပ်ဆဲ မီးရထားပြတိုက်များသို့ ခရီးသည်များ လှည့်လည်လေ့လာ ကာ အမှတ်တရ
မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးကြကြောင်း ဖော်ပြထားသည်။










