ဒီဇင်ဘာလတွင် အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် အစိုးရအဆောက်အအုံများအား
ဗုံးခွဲတိုက်ခိုက်ရန် ကြံစည် သည့် အစ္စလာမ်မစ်စစ်သွေးကြွဟု ယူဆရသူကို ဗုံးပြုလုပ်ရာတွင်
အသုံးပြုသော ဆက်စပ်ပစ္စည်းအများအပြားနှင့်အတူ အင်ဒိုနီးရှားရဲတပ်ဖွဲ့က ဖမ်းဆီး
ထိန်းသိမ်းထားသည်ဟု ရဲ တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်ကို
ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင် နိုဝင်ဘာ ၂၇ ရက် က ဖော်ပြထားသည်။
အဆိုပါ အကြမ်းဖက်သမားသည် အသက် ၂၃ နှစ်ရှိ ရီယို ပရီယတ် နာဝီဘာဝ ဆိုသူဖြစ်ပြီး
ISIS စစ်သွေးကြွများကို ထောက်ပံ့ပေးနေသည့် အင်ဒိုနီးရှားအဖွဲ့အစည်းတစ်ခုခု၏
အဖွဲ့ဝင်တစ်ဦးဖြစ်နိုင်ကြောင်း သိရသည်။
ထို့ပြင် ၄င်းနှင့် အတူ သိမ်းဆည်းရမိသည့်ဖာက်ခွဲရေးပစ္စည်းပမာဏ စုစု ပေါင်းသည်
၂ဝဝ၂ ခုနှစ်တွင် ဘာလီကျွန်းရှိ နိုက်ကလပ်၌ ဖြစ်ပွားသည့် လူ ၂ဝ၂ ဦးသေဆုံးစေသော
ပေါက်ကွဲမှုထက် နှစ်ဆ ပိုမိုပြင်းထန်မည် ဖစ်ကြောင်း ဒေသတွင်းသတင်းဌာန များ၏
ဖော်ပြချက်အရ သိရသည်။
ဝီဘာဝသည် တက္ကသိုလ်တွင် စိုက်ပျိုးရေးသိပ္ပံဘာသာရပ်ကို သင်ယူထားပြီး လက်ရှိတွင်
အလုပ်လက်မဲ့တစ်ဦး ဖြစ်ကြောင်း နှင့် အင်ဒိုနီးရှားနိုင်ငံတစ်ဝန်း နေရာအများအပြားသို့
ဖောက်ခွဲ ရေးပစ္စည်းများပေးပို့ရန် စီစဉ် ထားသည့် ဗုံးပြုလုပ်သူတစ်ဦးဖြစ်ကြောင်း
ရဲတပ်ဖွဲ့ပြောရေးဆိုခွင့် ရှိသူ ဘွိုင်းရာ့ဖ်လီအာမာက နိုဝင်ဘာ ၂၆ ရက်တွင်
ပြောကြားခဲ့သည်။










