သံချေးတက်နေသော စစ်ကျန်သေနတ် ၃၇ လက်အား သိမ်းဆည်းရမိ

သံချေးတက်နေသော စစ်ကျန်သေနတ် ၃၇ လက်အား သိမ်းဆည်းရမိ

စစ်ကိုင်းတိုင်းဒေသကြီးတွင် သံချေးတက်နေသော စစ်ကျန်သေနတ် ၃၇ လက်အား
သိမ်းဆည်းရမိခဲ့ကြောင်း မြဝတီသတင်းတစ်ရပ်တွင် နိုဝင်ဘာ ၂၈ ရက်က ဖော်ပြထားသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ကွမ်း တောင်းကျေးရွာနေ ဦးထွန်းထွန်းစိုးသည်
ငါးရှာဖွေရန် သွားရောက်စဉ် စစ်သောင်ကျေးရွာ၏ အနောက်ဘက် ၄ မိုင်ခန့်အကွာ
ကျောက်ခုံချောင်းဘေးမှ သေနတ်ဟု ယူဆရသော သံတိုသံစများ တွေ့ရှိကြောင်း သတင်း
ပေးပို့ချက်အရ တပ်မတော်သားများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်
အဆိုပါ နေရာသို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်များအရ သံချေးတက်နေသော စစ်ကျန် ကာဘိုင်သေနတ် ငါးလက်နှင့် ရိုင်ဖယ်
၃၂ လက်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး အဆိုပါ လက်နက်ဟောင်းများ အား နယ်မြေခံ
တပ်တွင် စနစ်တကျထိန်းသိမ်းထားရှိခဲ့ သည်ဟု ဆိုသည်။