မူဆယ်ဒေသနယ်မြေတည်ငြိမ်အေးချမ်း၍ စစ်ဘေး ရှောင်သူများ နေရပ်သို့ ပြန်လည်ထွက်ခွာ

မူဆယ်ဒေသနယ်မြေတည်ငြိမ်အေးချမ်း၍ စစ်ဘေး ရှောင်သူများ နေရပ်သို့ ပြန်လည်ထွက်ခွာ

မူဆယ်ဒေသတွင် ယခုအခါ နယ်မြေတည်ငြိမ်အေးချမ်းမှု ရရှိလာပြီဖြစ်၍ မူဆယ်မြို့ရှိ
ကယ်ဆယ်ရေး စခန်းများတွင် ရောက်ရှိနေသော နေရပ်စွန့်ခွာ တိမ်းရှောင်သူများသည်
၎င်းတို့ဆန္ဒအလျောက် နေရပ် အသီးသီးသို့ ပြန်လည်ထွက်ခွာနေကြပြီ ဖြစ်ကြောင်း
ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် နိုဝင်ဘာ ၂၉ ရက်က ဖော်ပြ
ထားသည်။

ကြက်ခြေနီအသင်းများ၊ ပရဟိတအသင်းများ၊ ကျန်းမာရေးဌာနမှ လူနာတင်ယာဉ်များဖြင့်
၄င်းတို့အား နေရပ်များသို့ ပြန်လည်ပို့ဆောင်ပေးလျက်ရှိပြီး ဟိုမွန်ရပ်ကွက်၊ ခရစ်ယာန်
ဘုရားကျောင်း ကယ်ဆယ်ရေးစခန်းတွင် (၁၄၂)ဦး၊ အောင် မင်္ဂလာဘုန်းတော်ကြီးကျောင်း
(စွမ်းစော်)တွင် (၄၉)ဦး၊ နမ့်ခွမ် ဘုန်းတော်ကြီးကျောင်းတွင် (၈)ဦး၊ အမှတ်(၂) အခြေခံ
ပညာအထက်တန်းကျောင်းတွင် (၁၅၁)ဦးနှင့် အမှတ် (၄)အခြေခံပညာမူလတန်းကျောင်း
တွင် (၁၁) ဦး စုစုပေါင်း စစ်ဘေးတိမ်းရှောင်ဒေသခံပြည်သူ (၄၀၉) ဦးသာ ကျန်ရှိတော့
ကြောင်း သိရသည်။