မြန်မာနိုင်ငံသို့ တင်သွင်းသည့် ကုန်ပစ္စည်းများ၏ အရည်အသွေးကို စစ်ဆေးရန်
ကုန်သွယ်ဖက်နိုင်ငံများ၏ ဆိပ်ကမ်းများ၌ စစ်ဆေးရေး အဖွဲ့များကို လာမည့်နှစ်
အတွင်း စတင်ထားရှိရန် စီစဉ်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး
ဝန်ကြီးဌာန၏ ပြောကြားချက်ကို ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင် နိုဝင်ဘာ
၂၉ ရက်က ဖော်ပြထားသည်။
အဆိုပါ အစီအစဉ်ကို ယခင်က ၂ဝ၁၆ ခုနှစ်တွင် စတင်နိုင်ရန် ရည်ရွယ် ခဲ့သော်လည်း
တစ်ဖက်နိုင်ငံများနှင့် ညှိနှိုင်းနေရသဖြင့် ၂ဝ၁၇ ခုနှစ်မှသာ စတင်နိုင်မည် ဖြစ်ကြောင်း၊
ပြည်ပမှ တင်သွင်းလာသော ကုန်ပစ္စည်းများ ကို တင်သွင်းခွင့်ပါမစ်ပါ အချက်အလက်
အတိုင်း ကိုက်ညီမှု ရှိ၊ မရှိကို ပြည်ပကုန်သွယ်ဖက်နိုင်ငံများမှ စစ်ဆေးရေးအဖွဲ့များဖြင့်
စစ်ဆေးမည် ဖြစ်ကြောင်း၊ ယာဉ်တင်သွင်းမှုအပိုင်းကို ဦးစွာဆောင်ရွက်မည်ဖြစ်ကြောင်း
သိရသည်။
ထိုသို့ ပြည်ပဆိပ်ကမ်းများ၌ တင်သွင်းကုန်များစစ်ဆေးရခြင်းမှာ ပြည်တွင်းမှ
ကုန်စည်တင်သွင်းသူအချို့သည် တင်သွင်းခွင့်ပါမစ်ပါ ကုန်စည်များကို ဆိပ်ကမ်းအတွင်း
ပြုပြင်ပြီးမှသာ ကုန်စည်ပို့ဆောင်နေခြင်းကြောင့် ဖြစ် ကြောင်း စီးပွားရေးနှင့် ကူးသန်း
ရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိ သူတစ်ဦးက ပြောကြားခဲ့သည်။










