သီလဝါအထူးစီးပွားရေးဇုန်၌ နိုင်ငံပေါင်း ၁၄ နိုင်ငံမှ လုပ်ငန်းပေါင်း ရ၄ ခု ရင်းနှီးမြှုပ်နှံထား

သီလဝါအထူးစီးပွားရေးဇုန်၌ နိုင်ငံပေါင်း ၁၄ နိုင်ငံမှ လုပ်ငန်းပေါင်း ရ၄ ခု ရင်းနှီးမြှုပ်နှံထား

လက်ရှိ သီလဝါအထူး စီးပွားရေးဇုန်၌ နိုင်ငံပေါင်း ၁၄ နိုင်ငံမှ လုပ်ငန်းပေါင်း ရ၄ ခု ရင်းနှီး
မြှုပ်နှံထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ ပြောကြားချက်ကို
ကိုးကားကာ ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် နိုဝင်ဘာ ၃၀ ရက်
က ဖော်ပြထားသည်။

သီလဝါအထူးစီးပွားရေးဇုန်ကို၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ် နိုဝင်ဘာလမှ လုပ်ငန်းစတင်ခဲ့ပြီး
လက်ရှိတွင် နိုင်ငံပေါင်း ၁၄ နိုင်ငံမှ လုပ်ငန်းပေါင်း ရ၄ ခု ရင်းနှီးမြှုပ်နှံခွင့်ပေးထားပြီး ရင်းနှီး
မြှုပ်နှံမှုပမာဏမှာ အမေရိကန် ဒေါ်လာ ၈၉၆ ဒသမ ၂ဝ၁ ဘီလီယံ ရှိကြောင်း၊ စင်ကာပူနိုင်ငံ
က အများဆုံးရင်းနှီး မြှုပ်နှံထားပြီး ဂျပန်နိုင်ငံက ဒုတိယနေရာတွင် ရပ်တည်ကာ စက်မှုကဏ္ဍနှင့်
သယ်ယူပို့ဆောင်ရေးကဏ္ဍတို့တွင် အများဆုံး ရင်းနှီးမြှုပ်နှံထားကြောင်း ဖော်ပြထားသည်။

သီလဝါအထူးစီးပွားရေးဇုန်အတွင်း ပလတ်စတစ်ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းများ၊ အထည်ချုပ်
လုပ်ငန်းများ၊ သတ္တု ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းများ၊ အင်တာနက် ဝန်ဆောင်မှုလုပ်ငန်းများ၊
မော်တော်ယာဉ် ထုတ်လုပ်သည့် လုပ်ငန်းများ၊ ပို့ဆောင်ရေးလုပ်ငန်းသုံးပစ္စည်း ထုတ်လုပ်သည့်
လုပ်ငန်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းများနှင့် ဆေးဝါးလုပ်ငန်း
များ အပါအဝင် အခြားလုပ်ငန်းများကိုလည်း လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။