ရှမ်းတိုင်းရင်းသားတို့၏ ရိုးရာနှစ်သစ်ကူးပွဲတော်ကို တောင်ကြီးမြို့၌ စည်ကားစွာ ကျင်းပခဲ့

ရှမ်းတိုင်းရင်းသားတို့၏ ရိုးရာနှစ်သစ်ကူးပွဲတော်ကို တောင်ကြီးမြို့၌ စည်ကားစွာ ကျင်းပခဲ့

 

ရှမ်းသက္ကရာဇ် ၂၁၁၁ခုနှစ်ကို ကြိုဆိုသော ရှမ်းတိုင်းရင်းသား ရိုးရာ နှစ်သစ်ကူးပွဲတော်ကို
တောင်ကြီးမြို့ ရှမ်းတိုင်းရင်းသား၊ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ခန်းမဝင်းအတွင်းနှင့် တောင်ကြီး
မြို့ အဝေယာ ကုန်းသာယာမီးပုံးပျံလွှတ်ကွင်းတို့၌ နိုဝင်ဘာ ၂၇ ရက်မှစတင်၍ နှစ်နေရာခွဲကာ
ကျင်းပခဲ့ကြောင်း ပြန်ကြားရးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် နိုဝင်ဘာ ၃၀ ရက်
က ဖော်ပြထားသည်။

နိုဝင်ဘာ ၂၉ ရက်တွင် တောင်ကြီးမြို့၊ ကျိုင်းတုံရှမ်းဘုန်းတော် ကြီးကျောင်းတိုက်တွင် စုရပ်ထား
ကာ တောင်ကြီးမြို့ပေါ်နှင့် ပတ်ဝန်းကျင်မြို့များ၊ ကျေးရွာများမှ ရှမ်းတိုင်းရင်းသူတိုင်းရင်းသားများ
အလှူ ပဒေသာပင်ကိုယ်စီဖြင့် ရိုးရာအတီး၊ အမှုတ်၊ အကအခုန်တို့ဖြင့် အင်အား ၅ဝဝဝ ခန့် ဗိုလ်ချုပ်
လမ်းအတိုင်း မြို့တွင်းသို့လှည့်လည်ကာ ရှမ်းစာပေတိုက်သို့ ပို့ဆောင်ခဲ့ ကြောင်း ဖော်ပြထားသည်။

နိုဝင်ဘာ ၂၉ ရက် ညလွန်မြောက်၍ နိုဝင်ဘာ ၃ဝ ရှမ်းနှစ်သစ် ရက်သို့ ကူးပြောင်းချိန်အထိ ကြိုဆိုကာ
ပျော်ပွဲရွှင်ပွဲ၊ အဆိုအက၊ မီးပုံးပျံလွှတ်ပွဲများ ကျင်းပပြီး ရှမ်းဘုန်းတော်ကြီးကျောင်းတိုက် သံဃာတော်များ
ကို ဆွမ်းကပ်ခြင်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ ရေစက်ချတရားနာယူပွဲများ ကျင်းပခဲ့ကြောင်း
သိရသည်။