ရင်းနှီးမြှုပ်နှံမှုကြီးမားသည့် ဒစ်ဂျစ်တယ်စက်များကြောင့် မန္တလေးတိုင်းဒေသကြီးတွင် မပြသတော့သည့် ရုပ်ရှင်ရုံ ၁၂ ရုံ ထိရှိလာ

ရင်းနှီးမြှုပ်နှံမှုကြီးမားသည့် ဒစ်ဂျစ်တယ်စက်များကြောင့် မန္တလေးတိုင်းဒေသကြီးတွင် မပြသတော့သည့် ရုပ်ရှင်ရုံ ၁၂ ရုံ ထိရှိလာ

ရင်းနှီးမြှုပ်နှံမှုကြီးမားသည့် ဒစ်ဂျစ်တယ်စက်များကြောင့် မန္တလေးတိုင်းဒေသကြီးအတွင်း
မပြသတော့သည့် ရုပ်ရှင်ရုံ ၁၂ရုံထိ ရှိလာကြောင်း တိုင်းဒေသကြီးရုပ်ရှင်မြှင့်တင်ရေး
ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို ကိုးကားကာ မြဝတီသတင်းတစ်ရပ်
တွင် နိုဝင်ဘာ ၂၉ ရက်က ဖော်ပြထားသည်။

ဒစ်ဂျစ်တယ်စက်တစ်လုံးတန်ဖိုးသည် ငွေကျပ် သိန်း ၃ဝဝဝ ခန့်ပေး၍ ဝယ်ယူရသည့်အပြင်
ဒစ်ဂျစ်တယ်စက် ဖြင့် တွဲဖက် ပြသမည့် ပိတ်ကားတန်ဖိုးသည်လည်း အနည်းဆုံး ငွေကျပ်
သိန်း ၁၅ဝ အထက်တွင် ရှိနေခြင်းကြောင့် ရင်းနှီးမြှုပ်နှံမှု ကြီးမားသည့်အတွက် ယခုလက်ရှိ
ဖလင်ဖြင့် ပြသနေသော ရုံများမှာ ပြသမှု မရှိတော့သည့် အခြေအနေသို့ ရောက်ရှိနေသည်
ဟု ဆိုသည်။

ပြီးခဲ့သည့် ဆယ်စုနှစ်ကာလက မန္တလေးတိုင်းဒေသကြီး အတွင်း၌ ရုပ်ရှင်ရုံများ
တွင် ဖလင်စနစ်ဖြင့် ရုပ်ရှင်ပြသခဲ့သော်လည်း လက်ရှိတွင် နာမည်ကြီးရုပ်ရှင်ရုံအချို့ဖြစ်သည့်
မြို့မ၊ မြို့ဂုဏ်ရောင်၊ နေပြည်တော်၊ ဝင်းလိုက် စသည့် ရုပ်ရှင် ရုံများ၌ ဒစ်ဂျစ်တယ်စနစ်ဖြင့်
အဆင့်မြှင့်တင်ကာ ပြောင်းလဲ ပြသနေကြောင်း၊ ကျန်ရှိသည့် ရုံ ၁၂ ရုံမှာ ပြသမှုမရှိခြင်း
ကြောင့် ရုပ်ရှင်အဆင့်မြှင့်တင်ရေးဦးစီးဌာနက ၄င်းရုပ်ရှင် ရုံများကို ဒစ်ဂျစ်တယ်စနစ်ပြောင်း
လဲကာ အဆင့်မြှင့်တင်ရန် တိုက်တွန်းနေကြောင်း သိရသည်။