ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်အတွင်း၌ နယ်မြေအခြေအနေတည်ငြိမ်
အေးချမ်းလာသဖြင့် ကုန်သွယ်ရေးဇုန်အတွင်းသို့ ကုန်တင်ယာဉ်များ ပုံမှန်ဝင်ရောက်
လာကြပြီး ဒေသအတွင်း၌ ပြန်လည် စည်ကားစပြုလာကြောင်း ပြန်ကြားရေးဝန်ကြီး
ဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် နိုဝင်ဘာ ၃၀ ရက်က ဖော်ပြထားသည်။
မူဆယ် ၁ဝ၅ မိုင်ကုန်သွွယ်ရေးဇုန်အနီးတစ်ဝိုက်၌ နိုဝင်ဘာ ၂ဝ ရက် နံနက်ပိုင်းက
တိုက်ပွဲများစွာ ဖြစ်ပွားမှုကြောင့် မူဆယ်-ကွတ်ခိုင် ပြည်ထောင်စုလမ်းမကြီးပေါ်၌
မော်တော်ယာဉ်များ ပြေးဆွဲမှု ရပ်တန့်သွားပြီး ဒေသခံတချို့ ထွက်ပြေးတိမ်းရှောင်
သွားခဲ့ကြသဖြင့် မူဆယ်ခရိုင်အတွင်း၌ ခြောက်ကပ်သွားခဲ့ကြောင်း၊ နိုဝင်ဘာ ၂၅
ရက်မှစ၍ ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန် ကြီး ပြန်လည်ဖွင့်လှှစ်ခဲ့ပြီး ကုန်သွယ်ရေးဇုန်
အတွင်း သို့ ကုန်တင်ယာဉ်များ ပုံမှန်ပြန်လည်ဝင်ရောက်ခဲ့သည်။ မူဆယ် ၁၀၅ မိုင်
ကုန်သွယ်ရေးဇုန်အတွင်းရှိ ကုမ္ပဏီများ၊ ပွဲရုံများကိုမူ သက်ဆိုင်ရာဌာနများ၊ လုပ်ငန်း
ရှင်များနှင့် တိုင်ပင်ညှိနှိုင်းကာ မကြာခင်ရက်ပိုင်းအတွင်း ပြန်လည် ဖွင့်လှစ် လုပ်ကိုင်
ဆောင်ရွက်သွားမည်ဟု ဆိုသည်။










