ဆူဇူကီးဖလား ဆီမီးဖိုင်နယ်(ပထမအကျော့) မြန်မာ-ထိုင်း ပွဲလက်မှတ်များ ကြိုတင်ရောင်းချမည်

ဆူဇူကီးဖလား ဆီမီးဖိုင်နယ်(ပထမအကျော့) မြန်မာ-ထိုင်း ပွဲလက်မှတ်များ ကြိုတင်ရောင်းချမည်

အာဆီယံဘောလုံးအဖွဲ့ချုပ်က ကြီးမှူးပြီး ဒီဇင်ဘာလဆန်းပိုင်းတွင် ကျင်းပမည့် ၂ဝ၁၆ အာဆီယံ
ဆူဇူကီးဖလားပြိုင်ပွဲ၏ ဆီမီးဖိုင်နယ် (ပထမအကျော့ ) ပွဲစဉ်များအတွက် ကြိုတင်လက်မှတ်များကို
ရောင်းချသွားမည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် နိုဝင်ဘာ
၃၀ ရက်က ဖော်ပြထားသည်။

အဆိုပါပွဲအတွက် ကြိုတင်လက်မှတ်များကို ဒီဇင်ဘာ ၂ ရက်နှင့် ၃ရက် တို့တွင် စတင်ကာ သုဝဏ္ဏ
ကွင်း၊ အောင်ဆန်းကွင်း၊ ပဒုမ္မာကွင်းနှင့် မြန်မာပလာဇာတို့၌ ရောင်းချမည်ဖြစ်ပြီး အထူးတန်းကျပ်
ငါးထောင်၊ ရိုးရိုးတန်း ကျပ် သုံးထောင် သတ်မှတ်ထားကြောင်း၊ ပွဲကစားမည့် နေ့တွင်လည်း ထပ်မံ
ရောင်းချမည် ဖြစ်ကြောင်း သိရသည်။ ၂ဝ၁၆ ဆူဇူကီးဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် မြန်မာ့လက်ရွေး
စင်အသင်းသည် လက်ရှိ ချန်ပီယံထိုင်း၊ အင်ဒိုနီးရှားနှင့် ဗီယက်နမ်အသင်းတို့နှင့် တွေ့ဆုံလျက်ရှိသည်။