ရန်ကုန်မြို့လယ်ကားလမ်းမတွင် စျေးရောင်းခွင့်ကို နိုဝင်ဘာလကုန်အထိသာ ခွင့်ပြုမည်

ရန်ကုန်မြို့လယ်ကားလမ်းမတွင် စျေးရောင်းခွင့်ကို နိုဝင်ဘာလကုန်အထိသာ ခွင့်ပြုမည်

ရန်ကုန်မြို့လယ်ကားလမ်းများတွင် ယာဉ်ကြောကျပ်တည်းမှု လျော့ကျစေရေးအတွက် မြို့လယ်ရှိ
ကားလမ်းမပေါင်း ၁၁ ခုတွင် နိုဝင်ဘာလကုန်အထိသာ စျေးရောင်းချခွင့်ပြုမည်ဖြစ်ပြီး ဒီဇင်ဘာ ၁
ရက်မှစ၍ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များဖြင့် ၂၄ နာရီ စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ပြန်
ကြားရေးဝန်ကြီး ဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် နိုဝင်ဘာ ၃၀ ရက်က ဖော်ပြထားသည်။

ဒီဇင်ဘာ ၁ ရက်မှစ၍ အများပြည်သူ အသုံးပြုမှုများပြားသော နေ့ပိုင်းကာလများတွင် ရန်ကုန်မြို့တွင်း
ကုန်တင်ယာဉ်ကြီးများ၊ ကုန်သေတ္တာတင်ယာဉ်ကြီးများ သွားလာခွင့်ကန့်သတ်ကာ ည ၉ နာရီမှ နံနက်
၆ နာရီအတွင်းသာ ခွင့်ပြုလမ်းကြောင်းများအတိုင်း သွားလာခွင့်ပြုမည့် အစီအစဉ် စတင်မည် ဖြစ်ကြောင်း၊
ယာဉ်ကြောပိတ်ဆို့မှုရှိတတ်သော သီရိမင်္ဂလာစျေးသစ်ရှေ့ ဘုရင့်နောင်လမ်းမကြီးနှင့် ကြည့်မြင်တိုင်
စံပြဗဟိုငါးစျေး ဝန်းကျင် ကမ်းနားလမ်းမကြီးတို့တွင် ယာဉ်ပိတ်ဆို့မှုမရှိစေရေးအတွက် တရားမဝင်
ရောင်းချလုပ်ငန်းလုပ်ကိုင်မှုများနှင့် ယာဉ်များ ပိတ်ဆို့ ရပ်နားခြင်းကို သက်ဆိုင်ရာက ခွင့်မပြုတော့
သဖြင့် ယာဉ်ကြော ကျပ်တည်းမှုလျော့ကျသွားကြောင်း အဆိုပါစျေးများတွင် ကုန်ပစ္စည်း ဝယ်ယူသူများနှင့်
ဖြတ်သန်းမောင်းနှင်နေသော ယာဉ်မောင်းများက ပြောကြားခဲ့သည်။