စင်ကာပူနိုင်ငံရှိ အထင်ကရနေရာများသို့ လည်ပတ်နိုင်ရန် ၀င်ခွင့်ကတ်များ ရောင်းချလျက်ရှိ

စင်ကာပူနိုင်ငံရှိ အထင်ကရနေရာများသို့ လည်ပတ်နိုင်ရန် ၀င်ခွင့်ကတ်များ ရောင်းချလျက်ရှိ

စင်ကာပူ-မြန်မာ ဗီဇာ ကင်းလွတ်ခွင့်ကို ဒီဇင်ဘာ ၁ ရက်မှစ၍ ရရှိပြီဖြစ်ရာ ဗီဇာကင်းလွတ်ချိန်
တွင် စင်ကာပူနိုင်ငံ၏ အထင် ကရနေရာများသို့ သွားရောက်လည်ပတ်နိုင်မည့် ဝင်ခွင့်ကတ်များ
ကို စင်ကာပူလေကြောင်းလိုင်းက ရောင်းချလျက်ရှိကြောင်း မြဝတီသတင်းတစ်ရပ်တွင် ဒီဇင်ဘာ
၁ ရက်က ဖော်ပြထားသည်။

အဆိုပါ စင်ကာပူနိုင်ငံ၊ ချန်ဂီလေဆိပ်ရှိ စင်ကာပူလေကြောင်းလိုင်းကောင်တာ၌ ဝယ်ယူနိုင်မည်
ဖြစ်သကဲ့သို့ လေကြောင်း လိုင်းရုံး၌လည်း ဝယ်ယူနိုင်ရန် စီစဉ်ထားကြောင်း စင်ကာပူ လေကြောင်း
လိုင်းမန်နေးဂျင်းဒါရိုက်တာ Ms.Jeanette Lee ၏ ပြောကြားချက်အရ သိရသည်။ Singapore Explorer
Pass ကဲ့သို့သော အထူးအစီအစဉ်များဖြင့် မြန်မာနိုင်ငံသားများ စင်ကာပူနိုင်ငံတွင် အလွယ်တကူ
လည်ပတ်သွားလာနိုင်စေရန် လေကြောင်းလိုင်းအနေဖြင့် ကြိုးစားနေမည်ဖြစ်ကြောင်း၊ ယခုကတ်ကို
ရက်အလိုက် ဝယ်ယူ၍လည်း ရနိုင်ကြောင်း Singapore Explorer Pass က ပြောကြားခဲ့သည်။

အဆိုပါ Singapore Explorer Pass တွင် စင်ကာပူနိုင်ငံ၏ အထင်ကရနေရာများဖြစ်သည့် ှSingapore
Zoo၊ Sentosa၊ Gradens by the Bay နှင့် Singapore Flyer စသည့် နေရာများသို့ သွားရောက်လည်
ပတ်နိုင်ရန် စီစဉ်ထားပြီး တစ်ရက်စာ ဝင်ခွင့်ကတ်မှာ အမေရိကန်ဒေါ်လာ ၄၃ ဒေါ်လာ ဖြစ်၍ အမျိုးအစား
ပေါင်း ၁၈ မျိုး အထိ အသုံးပြု နိုင်ကြောင်း သိ ရသည်။