မြန်မာနိုင်ငံ၌ အီလက်ထရွန်နစ်စနစ်ဖြင့် ငွေပေးချေမှု ပိုမိုကျယ်ပြန်ရန် လိုအပ်

မြန်မာနိုင်ငံ၌ အီလက်ထရွန်နစ်စနစ်ဖြင့် ငွေပေးချေမှု ပိုမိုကျယ်ပြန်ရန် လိုအပ်

 

 

 

 

 

 

ကမ္ဘာ့ငွေပေးချေမှုစနစ်ဆိုင်ရာ နည်းပညာ Visa ကုမ္ပဏီမှ နိုင်ငံတကာ၌ ကြိုတင်ငွေပေးချေ
ကတ်အသုံးပြုသူ မြန်မာနိုင်ငံသားအရေအတွက်မှာနှစ်စဉ်ရာခိုင်နှုန်းများစွာ မြင့်တက်လာ
သဖြင့် မြန်မာနိုင်ငံ၌ အီလက်ထရွန်နစ် ငွေပေးချေမှုစနစ် ပိုမို ကျယ်ပြန့်ရန် လိုအပ်ကြောင်း
ဒီဇင်ဘာ ၂၉ ရက်တွင် ရန်ကုန် မြို့ Park Royal Hotel ၌ ကျင်းပခဲ့သည့် Visa ကုမ္ပဏီ၏
မီဒီယာများနှင့်တွေ့ဆုံပွဲကို ကိုးကားကာ မြဝတီသတင်းတစ်ရပ် တွင် ဒီဇင်ဘာ ၁ ရက်က
ဖော်ပြထားသည်။

ပြည်ပခရီးစဉ်များ၌ မြန်မာနိုင်ငံသားများ၏ Visa ကတ် အသုံး ပြု၍ ငွေပေးချေမှုပမာဏမှာ
၅၄ ရာခိုင်နှုန်းအထိ မြင့်တက်လာ ပြီး နိုင်ငံတကာဝက်ဘ်ဆိုက်မှတစ်ဆင့် e-Commerce
ကဏ္ဍတွင် ငွေသုံးစွဲမှုပမာဏမှာ ၁ဝ၈ ရာခိုင်နှုန်းအထိ မြင့်တက်လာ သည့်အပြင် နိုင်ငံခြား
ခရီးသွားဧည့်သည်များ အများဆုံးသွား ရောက်လေ့ရှိသည့် ပုဂံ၊ အင်းလေးနှင့် ငွေဆောင်
စသည့် နေရာ များ၌ Visa ကတ်ဖြင့် အီလက်ထရွန်နစ်ငွေပေးချေမှုကို ကျယ်ကျယ် ပြန့်ပြန့်
အသုံးပြုနိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။