မန္တလေးမြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မော်တော်ယာဉ်အချို့မှာ သတ်မှတ်
ထားသော ဘီးခွန်ကို လာရောက်ပေးဆောင်မှုမရှိခြင်းကြောင့် ၂ဝ၁၇ ခုနှစ် သတ်မှတ်ထား
သည့် ရက်တွင် ဘီးခွန်များကို တိကျစွာ ပေးဆောင်ရန် စည်ပင်သာယာဘီးခွန်တာဝန်ခံအဖွဲ့
က ကွင်းဆင်း၍ အဖွဲ့ပုံစံဖြင့် ကောက်ခံသွားမည်ဖြစ်ကြောင်း အဆိုပါတာဝန်ခံအဖွဲ့ဒုတိယ
ဦးစီးမှူးဦးသန်းတင့်၏ ပြောကြားချက်ကို ကိုးကားကာ မြဝတီသတင်းတစ်ရပ် တွင် ဒီဇင်ဘာ
၁ ရက်က ဖော်ပြထားသည်။
ဘီးခွန်တာဝန်ခံအဖွဲ့မှ မော်တော်ယာဉ်အမျိုးအစားပေါ် မူတည်ပြီး ခြောက်မျိုး ခွဲခြားကောက်ခံ
သွားမည် ဖြစ်ကာ မော်တော်ဆိုင်ကယ်တစ်စီးလျှင် ငွေကျပ် ၁ဝဝဝ၊ ဆလွန်း ကားနှင့် သုံးဘီး
ယာဉ်အတွက် ငွေကျပ် ၂ဝဝဝ၊ ဆက်ဖ်၊ ပါဂျဲရိုး၊ ပစ်ကပ်ယာဉ်အတွက် ငွေကျပ် ၂၅ဝဝ၊ မိုက်ခရို
ဘစ်၊ တောင်းအေ့စ်နှင့် မီနီဘတ်စ်ယာဉ် အတွက် ငွေကျပ် ၃ဝဝဝ၊ ဒိုင်နာ၊ လိုက်ထရပ်နှင့် ကန်ဒါ
ယာဉ် အတွက် ငွေကျပ် ၃၅ဝ နှင့် သုံးတန်နှင့် အထက် မော်တော်ယာဉ်များကို ငွေကျပ် ၅ဝဝဝ
သတ်မှတ်ထားပြီး တစ်နှစ်စာအတွက် ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။









