သာသနာ့တူရိယာစင်များတွင် ဘုရားဖူးအချို့က စည်းကမ်းမဲ့စွာ အမှတ်တရစာ ရေးသားမှုများ ရှိနေ

သာသနာ့တူရိယာစင်များတွင် ဘုရားဖူးအချို့က စည်းကမ်းမဲ့စွာ အမှတ်တရစာ ရေးသားမှုများ ရှိနေ

စစ်ကိုင်းမြို့ ပါရမီိရပ်ကွက်အတွင်းရှိ သမိုင်းဝင် မဟာစည်းခုံကြီးစေတီတော်၏ တောင်ဘက်ရှိ သာသနာ့တူရိယာစင်များဖြစ်သည့် ခေါင်းလောင်း တော်စင်၊ မောင်းတော်စင်၊ ကြေးစည်တော်
စင်၊ ထိုးစည်တော်စင်၊ အောင်စည်တော်စင်များ၌ လာရောက်လည်ပတ်သော ဘုရားဖူးပြည်သူ
အချို့ က စည်းကမ်းမဲ့စွာဖြင့် အမှတ်တရ စာရေးသားမှုများ ရှိနေကြောင်း ဘုရားဖူးများ၏ ပြော
ကြားချက်ကို ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင် နိုဝင်ဘာ ၃၀ ရက်က ဖော်ပြထားသည်။

လူသူအရောက်များပြီး ထင်ရှားသော ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ် အထိမ်းအမှတ်ပစ္စည်း
များနှင့် အဆောက်အအုံများတွင် Correction Pen ဖြင့် အမှတ် တရ စာရေးခြစ်ခြင်းသည် ရှေး
ဟောင်းယဉ်ကျေးမှု အဆောက်အအုံများ၏ တန်ဖိုးနှင့် လူမျိုး၏ ဂုဏ်သိက္ခာ ကို ကျဆင်းစေသည်
သာမက နိုင်ငံခြားသားများ၏ အမြင်တွင်လည်း မသင့်တော်သဖြင့် ပြန်လည်ဆေးကြော သန့်ရှင်း
ပြီး နောင်တွင် ထိုသို့မပြုလုပ်ရန် တာဝန်ရှိသူ များက ထိန်းသိမ်းကြပ်မတ်စေလိုကြောင်း ဘုရားဖူး
ပြည်သူတစ်ဦးက ပြောကြားခဲ့သည်။