နိုင်ငံပေါင်း ၁၈ နိုင်ငံပါ၀င်မည့် နိုင်ငံတကာ စိုက်ပျိုးရေး၊ မွေးမြူရေး အစာနှင့် ဆေးဝါးများဆိုင်ရာ ကုန်စည်ပြပွဲ ရန်ကုန်မြို့တွင် ပြုလုပ်မည်

နိုင်ငံပေါင်း ၁၈ နိုင်ငံပါ၀င်မည့် နိုင်ငံတကာ စိုက်ပျိုးရေး၊ မွေးမြူရေး အစာနှင့် ဆေးဝါးများဆိုင်ရာ ကုန်စည်ပြပွဲ ရန်ကုန်မြို့တွင် ပြုလုပ်မည်

နိုင်ငံပေါင်း ၁၈ နိုင်ငံ ပါဝင်ပြသမည့် နိုင်ငံတကာစိုက်ပျိုးရေး၊ မွေးမြူရေးအစာနှင့် ဆေးဝါးများ
ဆိုင်ရာ ကုန်စည်ပြပွဲ ၂ဝ၁၆ ကို ရန်ကုန်မြို့ရှိ တပ်မတော်ခန်းမ၌ ကျင်းပသွားမည်ဖြစ်ကြောင်း
MAB Carfus Events Myanmar ၏ ပြောကြားချက်ကို ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင်
ဒီဇင်ဘာ ၁ ရက်က ဖော်ပြထားသည်။

အဆိုပါပြပွဲကို မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်နှင့် MAB Carfus Events Myanmar တို့မှ
ပူးပေါင်း၍ ဒီဇင်ဘာ ရ ရက်မှ ၉ ရက်ထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး ပြခန်းပေါင်း ၂ဝဝ ကျော်
တွင် တိရစ္ဆာန်ဆေးဝါးများ၊ ဖြည့်စွက်အစာများနှင့် အစာထုတ်လုပ် သည့် လုပ်ငန်းများ၊ မွေးမြူရေး
ခြံလုပ်ငန်းများနှင့် အသားထုတ်လုပ် မှုများ၊ မွေးမြူရေးနှင့် စိုက်ပျိုးရေးဆိုင်ရာ စက်ကိရိယာများ
အပါအဝင် မွေးမြူရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းသုံး ပစ္စည်းအမျိုးအစားပေါင်း ၂ဝ ကျော် ပါဝင်မည်
ဖြစ်ကြောင်း သိရသည်။