မြန်မာနိုင်ငံ၌ ပထမဆုံးဂျပန်စတိုင် ၁ဝ ပြား စျေးရောင်းပွဲတော်ကျင်းပ

မြန်မာနိုင်ငံ၌ ပထမဆုံးဂျပန်စတိုင် ၁ဝ ပြား စျေးရောင်းပွဲတော်ကျင်းပ

မြန်မာနိုင်ငံ၌ ပထမဆုံးဂျပန်စတိုင် ၁ဝ ပြား စျေးရောင်းပွဲတော်ဖွင့်ပွဲကို ရန်ကုန်မြို့၊ ပြည်သူ့
ဥယျာဉ်၌ ဒီဇင်ဘာ ၄ ရက်က ကျင်းပခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်
စာမျက်နှာတွင် ဒီဇင်ဘာ ၆ ရက်က ဖော်ပြထားသည်။

အဆိုပါ စျေးရောင်းပွဲတော်တွင် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ၊ ဂျပန်လူမျိုးများ၊ မြန်မာ-
ဂျပန် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအသင်းနှင့် ဂျပန်နိုင်ငံရောက် သင်္ဘောသားများ၊ ပြည်တွင်းရှိ
ဂျပန်အဖွဲ့ အစည်းများနှင့် ကုမ္ပဏီများက လျှပ်စစ်ပစ္စည်း၊ အလှကုန်၊ လူသုံးကုန်ပစ္စည်းများ လာ
ရောက်ပြသရောင်းချခဲ့ကြခြင်း ဖြစ်ပြီး စျေးရောင်းပွဲတော်ကို မြန်မာ-ဂျပန် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်
ရေးအသင်းမှ လစဉ်ကျင်းပပေးသွားမည် ဖြစ်ကြောင်း သိရသည်။