သူရဲကောင်းစစ်သည်ဗိမာန်တွင် တိုင်းပြည်အတွက် အသက် စွန့်ခဲ့သော သူရဲကောင်းစစ်သည်များအား ဂုဏ်ပြုခဲ့

သူရဲကောင်းစစ်သည်ဗိမာန်တွင် တိုင်းပြည်အတွက် အသက် စွန့်ခဲ့သော သူရဲကောင်းစစ်သည်များအား ဂုဏ်ပြုခဲ့

 

နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေးနှင့် လွတ်လပ်ရေး ထိန်းသိမ်းကာကွယ်ရေးတိုက်ပွဲ
များတွင် အသက်စွန့်ခဲ့သော သူရဲကောင်းစစ်သည်အပေါင်းအား ဂုဏ်ပြုခြင်းအခမ်းအနားကို
ရွှေတိဂုံဘုရား မြောက်ဘက်မုခ်၊ အာဇာနည်ဗိမာန်အနီးရှိ သူရဲကောင်းစစ်သည်ဗိမာန်တွင် ဒီဇင်ဘာ
၄ ရက်က ကျင်းပခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် ဒီဇင်ဘာ ၅ ရက်
က ဖော်ပြထားသည်။

အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များမှ စစ်မှုထမ်းဟောင်းများ၊ လူမှုရေး
အသင်းအဖွဲ့များနှင့် ကျဆုံးသွားသော စစ်သည်တို့၏ ဇနီး၊ သားသမီးဆွေမျိုးများ တက်ရောက်ကာ
ပန်းခွေများ ချခြင်း၊ ငြိမ်းချမ်းရေးအတိတ်ဆောင်သည့် ခိုဖြူနှင့် မိုးပျံပူဖောင်းများ လွှတ်တင်ခြင်းနှင့်
ကျဆုံးသွားသော စစ်သည်တော်တို့နှင့်တကွ ငြိမ်းချမ်းရေးအတွက် ရည်စူး၍ စာရေးဆရာများက
ကဗျာများ ရွတ်ဖတ်ခြင်းတို့ဖြင့် ကျဆုံး သွားသော သူရဲကောင်းတို့ကို ဂုဏ်ပြုခဲ့ကြကြောင်း သိရသည်။