မြန်မာနိုင်ငံအနောက်မြောက်ဒေသရှိ မြန်မာတိုင်းရင်းသားမျိုးနွယ်စုတစ်ခုဖြစ်သော
နာဂလူမျိုးများ၏ ၂ဝ၁၇ ခုနှစ် နာဂရိုးရာနှစ်သစ်ကူး ပွဲတော်အား နာဂကိုယ်ပိုင်အုပ်ချုပ်
ခွင့်ရ ဒေသလဟယ်မြို့တွင် ကျင်းပသွားမည် ဖြစ် ကြောင်း မြဝတီသတင်းတစ်ရပ်တွင်
ဒီဇင်ဘာ ၉ ရက်က ဖော်ပြထားသည်။
နာဂလူမျိုးများသည် တမူထူးခြားသည့် သဘာဝတောတောင်များနှင့် လူနေမှုစရိုက်များ
ရှိခြင်းကြောင့် မြန်မာပြည်တွင်းသာမက နိုင်ငံတကာ မှပင် စိတ်ဝင်စားလျက်ရှိရာ နာဂ
လူမျိုးတို့၏ လူနေမှုစရိုက်၊ ဒေသစရိုက် ကို ထင် ဟပ်စေသည့် ရိုးရာနှစ်သစ်ကူးပွဲတော်
အား နှစ်စဉ် ဇန်နဝါရီလ (၁၅)ရက်နေ့တွင် နာဂမျိုးနွယ်စုများ စုစည်းပြီး ရိုးရာနှစ်သစ်ကူး
ပွဲတော် အဖြစ် စည်ကားစွာကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
မျိုးနွယ်စုခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးပြီး အများသဘောတူချက် အရ ၂ဝ၁၇
ခုနှစ်နာဂရိုးရာနှစ်သစ်ကူး ပွဲတော်ကိုလည်း လဟယ်မြို့တွင် ပင် ဆက်လက်ကျင်းပသွား
မည်ဖြစ်ပြီး ၂ဝ၁၇ ခုနှစ် နာဂရိုးရာနှစ်သစ်ကူး ပွဲတော်တွင် မျိုးနွယ်စုရိုးရာ အကများကို
စုံလင်စွာ ပါဝင်ဆင်နွှဲနိုင်မည်ဟုမျှော်လင့်ကြောင်း၊ နိုင်ငံခြားသားများ နှင့် မြန်မာပြည်
အရပ်ရပ်မှ ပြည်သူ များ လာရောက်လေ့လာနိုင်ရန်အတွက်လည်း သက်ဆိုင်ရာ ကော်
မတီများ ဖွဲ့စည်းပြီး စတင်လုပ်ဆောင်နေကြောင်း လဟယ်မြို့နယ် အမှတ်(၂) တိုင်း
ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကယ်က ပြောကြားခဲ့သည်။










