အင်္ဂလန်နိုင်ငံ၊ လန်ဒန်အခြေစိုက် Financial Times မှ ပေးအပ်ချီးမြှင့်သည့် ၂ဝ၁၆ ခုနှစ်
အတွက် နိုင်ငံ အလိုက် စွမ်းဆောင်ရည်အကောင်းဆုံးဘဏ်ဆု ''Bank of the Year Awards
2016'' ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံအတွက် ဘဏ်လုပ်ငန်းဆိုင်ရာ စွမ်းဆောင်
ရည်အကောင်းဆုံးနှင့် အအောင်မြင်ဆုံးဘဏ်ဆု ''Bank of the Year Awards 2016'' ကို
ကမ္ဘောဇဘဏ်မှ စတုတ္ထ အကြိမ်မြောက် လေးနှစ်ဆက်တိုက်ရရှိခဲ့ကြောင်း ပြန်ကြားရေး
၀န်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် ဒီဇင်ဘာ ၉ ရက်က ဖော်ပြထားသည်။
ကမ္ဘောဇဘဏ်အား ၂ဝ၁၆ခုနှစ်အတွက် “Bank of the Year in Myanmar 2016”ဆုကို
ချီးမြှင့်ရခြင်း မှာ နိုင်ငံ တော်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်တွင် အဓိကအခန်း ကဏ္ဍမှ
ပါဝင်ဆောင်ရွက်နိုင်မှု၊ ပြည်သူများ၏ စီးပွားရေး လုပ်ငန်းများအတွက် အဓိကအားကိုး
အားထားရသည့် ဘဏ်ကြီးအဖြစ် ရပ် တည်နိုင်မှု၊ ဘဏ်ခွဲများနှင့် ATM စက်များကို နိုင်ငံ
အနှံ့အပြား၌ တိုးတက်ဖွင့်လှစ်ဆောင်ရွက် နိုင်မှု၊ စျေးကွက်တိုးတက်ပိုင်ဆိုင်မှု၊ အသေး
စားနှင့် အလတ် စားစီးပွားရေးလုပ်ငန်းများအပါအဝင် နိုင်ငံတော်အတွင်းရှိ စီးပွားရေး
လုပ်ငန်းများအတွက် ငွေကြေးအများဆုံး တိုးတက် ထုတ်ချေးနိုင်မှု၊ ဝင်ငွေနှင့် အမြတ်
တိုးတက်ရရှိမှု၊ ဝန်ထမ်းများ လေ့ကျင့်ပျိုးထောင်မှုနှင့် စီမံအုပ်ချုပ်မှုစွမ်းရည် တိုးတက်
ကောင်းမွန်မှု၊ နိုင်ငံတကာဘဏ်များနှင့် ချိတ်ဆက်ဆောင်ရွက် နိုင်မှု၊ အာဆီယံဒေသ
တွင်းနိုင်ငံများတွင် နိုင်ငံတကာဘဏ် ကိုယ်စားလှယ်ရုံးများ တိုးချဲ့ဖွင့်လှစ်၍ စီးပွားရေး
ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင် ပေးနိုင်မှု၊ လေးနှစ်ဆက်တိုက် နိုင်ငံတော်အတွက်
အခွန်ဘဏ္ဍာငွေအများဆုံးသယ်ပိုး ထမ်းဆောင်နိုင်မှုနှင့် နိုင်ငံတော်နှင့် ပြည်သူ့အကျိုးပြု
လုပ်ငန်း များအတွက် နေရာအနှံ့အပြား၌ ဦးဆောင်ပါဝင်လှူဒါန်းနိုင်မှု စသည်တို့ကို
အခြေခံ၍ စိစစ်ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း Financial Times မှ ဖော်ပြထားသည်။










