မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ကြီးမှူး၍ စတုတ္ထမဏ္ဍိုင်ဆု ပေးအပ်သည့်
ဂုဏ်ပြုပွဲအခမ်းအနားကို ဒီဇင်ဘာ ၈ ရက်နေ့က ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရား
လမ်းရှိ Orchid Hotel ၌ ကျင်းပခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်
စာမျက်နှာ တွင် ဒီဇင်ဘာ ၉ ရက်က ဖော်ပြထားသည်။
အဆိုပါ အခမ်းအနားတွင် Myanmar Now News Agency မှ သတင်းထောက်ချုပ်
ဦးဆွေဝင်းအား ဂုဏ်ပြုဆုငွေကျပ် သိန်း ၂ဝ၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆု
တံဆိပ်တို့ကိုလည်းကောင်း၊ မအက်စတာထုဆန်အား ဂုဏ်ပြုဆုငွေကျပ် ငါးသိန်း၊
ဂုဏ်ပြု မှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုတံဆိပ်တို့ကိုလည်း ကောင်း ပေးအပ် ချီးမြှင့်ခဲ့
သည်။
စတုတ္ထမဏ္ဍိုင်ဆုရရှိသည့် သတင်းထောက်ချုပ် ဦးဆွေဝင်းသည် ရန်ကုန်မြို့၊ အင်းဝ
အပ်ချုပ်ဆိုင်၌ ကျွန်ပြုနှိပ်စက်ခံရသော အိမ် အကူမိန်းကလေးငယ်နှစ်ဦး၏ ဘဝ
အကြောင်းကို စုံစမ်းဖော်ထုတ် သတင်းရေးသားခြင်းဖြင့် ဂုဏ်ပြုဆုရရှိခြင်းဖြစ်ပြီး
သတင်းထောက် မအက်စတာထုဆန်သည် အရှေ့တောင် အာရှပင်လယ်ပြင်၌ ကျွန် ပြုခံရသော မြန်မာအများစုပါဝင်သည့် ရေလုပ်သားများအကြောင်းကို တစ်နှစ်
ကျော်ကြာ စုံစမ်းဖော်ထုတ်ရေးသားခဲ့သည့်အတွက် မအက် စတာထုဆန် အပါ
အဝင် အမျိုးသမီး သတင်းထောက်လေးဦးအဖွဲ့ကို ပူလစ်ဇာဆုချီးမြှင့်ခံခဲ့ရခြင်းကြောင့်
ဂုဏ်ပြုဆုချီးမြှင့်ခြင်းဖြစ်ကြောင်း သိရသည်။










