ကျိုက်ထိုမြို့နယ်တွင် ဖွဲ့စည်းတည်ထောင်ထားသည့် ကျိုက်ထီးရိုးတောင်တက် မော်တော်ယာဉ်
အသင်း၏ (၁၃)နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီ
တော် မြတ်ကို ဖူးမြော် ရန်လာရောက်သည့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး ပြည်သူများအား
ဒီဇင်ဘာ ရ ရက် နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ တစ်နေ့တာအခမဲ့ အကြိုအပို့ပြု လုပ်၍
ဝန်ဆောင်မှုပေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီး ဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် ဒီဇင်ဘာ
ရ ရက် က ဖော်ပြထားသည်။
ထိုကဲ့သို့ ဝန်ဆောင်မှုပေးရာတွင် တောင်တက်မော်တော် ယာဉ်အသင်းတွင် ရှိသည့် မော်တော်
ယာဉ် အစီး ၁၅ဝ မှ တစ်စီးလျှင် ၄၅ ဦးတင်ဆောင်၍ ဘုရားဖူး ၁၅ဝဝဝဝ ခန့် အား အခမဲ့ပို့ဆောင်
ပေးခဲ့ပြီး စတုဒိသာအဖြစ် ကျိုက်ထီးရိုး တောင်တက်မော်တော်ယာဉ်အသင်းနှင့်အတူ လူမှုရေး
အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များက ကင်းမွန်းစခန်းမှ စတင်ပြီး ကျိုက်ထီးရိုးရင်ပြင်တော်တွင်
ထမင်း၊ မုန့်ဟင်းခါး၊ အကြော်၊ အချိုရည်၊ ရေသန့် အစရှိသည့် စားသောက်ဖွယ် များကို ပါဝင်
လှူဒါန်းခဲ့ကြောင်း သိရသည်။









