eco-Tourism ၌ မပါ၀င်သော ကျွန်းများကို ကမ္ဘာ့အမွေအနှစ်စာရင်းထည့်သွင်းနိုင်ရန် စီစဉ်

eco-Tourism ၌ မပါ၀င်သော ကျွန်းများကို ကမ္ဘာ့အမွေအနှစ်စာရင်းထည့်သွင်းနိုင်ရန် စီစဉ်

မြိတ်ကျွန်းစုဒေသကို ခရီးသွားများဆွဲဆောင်ရာဒေသအဖြစ် eco-Tourism ဖော်ဆောင်ရာတွင်
ကျွန်းတချို့ ကိုသာ အကောင်အထည်ဖော်ပြီး ကျန်ရှိသည့် ကျွန်း များကို ကမ္ဘာ့အမွေအနှစ်စာရင်း
တွင် ထည့်သွင်းထိန်းသိမ်းနိုင်ရန် စီစဉ်သွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး
ဝန်ကြီးဌာန၏ ပြောကြားချက်ကို ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင် ဒီဇင်ဘာ ၁၃ ရက်က
ဖော်ပြထားသည်။

မြိတ်ကျွန်းစုဒေသ၌ ကျွန်းပေါင်း ၈ဝဝ ခန့်ရှိသည့်အနက် ကျွန်းတချို့ကိုသာ နိုင်ငံခြားခရီးသွား
ဧည့်သည်များ လည်ပတ်ခွင့်ရရှိကြောင်း၊ ကျွန်းအားလုံးကို ခရီးသွားများ လေ့လာလည်ပတ်ရာ၌
အသုံးချ၍ ရနိုင်မည် မဟုတ်သဖြင့် ကျန်ရှိသော ကျွန်းများကို ယူနက်စကို၏ အစီအစဉ်ဖြင့် ကမ္ဘာ့
အမွေအနှစ်စာရင်း၌ ထည့်သွင်းထိန်းသိမ်းနိုင်စေရေးအတွက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း
သိရသည်။ မြိတ်ကျွန်းစုဒေသသည် သဘာဝအတိုင်း မပျက်စီးသေးသည့် ခရီးစဉ်ဒေသများအနက်
တစ်ခု အပါအဝင် ဖြစ်ပြီး ပြည်တွင်းပြည်ပ ခရီးသွားများ၏ အထူးစိတ်ဝင်စားမှု မြင့်တက်လာသော
ဒေသတစ်ခု ဖြစ်သည်။