ပြည်တွင်းခရီးသွားလာမှုတိုးတက်လာစေရန် ITEM 2017 ပြပွဲလုပ်မည်

ပြည်တွင်းခရီးသွားလာမှုတိုးတက်လာစေရန် ITEM 2017 ပြပွဲလုပ်မည်

ပြည်တွင်းခရီးသွားလာမှုတိုးတက်စေရန် ရည်ရွယ်ပြီး (ITEM 2017) International
Tourism Expo Myanmar ပြပွဲကို ၂၀၁၇ ခုနှစ် ဇန်နဝါရီတွင် တပ်မတော်ခန်းမ၌
ပြုလုပ်သွားမည် ဖြစ်ကြောင်း Travel Support Co.ltd ၏ ပြောကြားချက်ကို ကိုးကား
ကာ မြဝတီသတင်းတစ်ရပ်တွင် ဒီဇင်ဘာ ၁၃ ရက်က ဖော်ပြထားသည်။

ပြည်တွင်းခရီးသွားလုပ်ငန်းများအတွက် အဓိကထားကာ ပြည်တွင်းခရီးသွားဒေသများ
ကို အဓိကဖော်ဆောင်မည့် ဆိုပါပြပွဲကို ၂၀၁၇ ဇန်နဝါရီ ၂၀ မှ ၂၂ ရက်ထိ ကျင်းပသွား
မည် ဖြစ်ကြောင်း Travel Support Co.ltd ဒါရိုက်တာ Julian Lu က ပြောကြားခဲ့သည်။
ပြပွဲတွင် ပြည်တွင်း ပြည်ပလေကြောင်လိုင်း၊ ဘဏ်နှင့် အာမခံလုပ်ငန်းများ၊ ဟိုတယ်များ၊
အပျော်စီးသင်္ဘောလုပ်ငန်း များ၊ ပြည်တွင်းပြည်ပ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများ၊
လျော့စျေးဖြင့် ရောင်းချမည့် ခရီးသွားအစီအစဉ်များလည်း ပါဝင်ပြီး ပြခန်း ၁၃၀ ကျော်
ပြသမည် ဖြစ်ကြောင်း သိရသည်။