ပြည်တွင်းဇုန်ထုတ် မော်တော်ယာဉ်များကို စစ်ဆေးရာတွင် ဂျပန်နိုင်ငံ၌ စစ်ဆေးသည့်
နည်းပညာများအတိုင်း စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန၏
ပြောကြားချက်ကို ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင် ဒီဇင်ဘာ ၁၂ ရက်က ဖော်ပြ
ထားသည်။
အဆိုပါ စက်မှုဇုန်ထုတ်မော်တော်ယာဉ်များအား အရည်အသွေး မြင့်မားရေး၊ သုံးစွဲသူပြည်သူ
များ ဘေးကင်းလုံခြံုစွာ အသုံးပြုနိုင် ရေး၊ ခေတ်မီနည်းပညာသုံးစစ်ဆေးရေးကိရိယာများကို
အသုံးပြု ကာ ဂျပန်နိုင်ငံမှ နည်း ပညာများအတိုင်း စစ်ဆေးသွားမည်ဖြစ်ပြီး Certificate of
Approval ထုတ်ပေးမည်ဖြစ်ကြောင်း၊ မော်တော်ယာဉ်အစိတ်အပိုင်းများကို ပြည်ပမှ တင်
သွင်း၍ ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်ခြင်းဖြင့် နည်းပညာနှင့် အလုပ်အကိုင် အခွင့်အလမ်း
များလည်း ရရှိစေနိုင်မည် ဖြစ်ကြောင်း သိရသည်။
ပြည်တွင်းမော်တော်ယာဉ်ထုတ်လုပ်သူများအနေဖြင့် သတ်မှတ်ထားသော စံနှုန်းများနှင့်အညီ
ထုတ်လုပ်ရန် စက်မှုဇုန်မော်တော်ယာဉ်ထုတ်လုပ်သူများနှင့် တွေ့ဆုံ၍ ညွှန်ကြားထားပြီးဖြစ်ကာ
လယ်ယာသုံး စက်ယန္တရားများကိုလည်း စစ်ဆေးအတည်ပြုပေးလျက် ရှိကြောင်း၊ ဂျပန်၊ တောင်
ကိုရီးယားနှင့် အိန္ဒိယနိုင်ငံတို့မှမြန်မာနိုင်ငံအတွင်း မော်တော်ယာဉ်ထုတ်လုပ်ရန် စိတ်ဝင်စားလျက်
ရှိကြောင်း ဖော်ပြထားသည်။










