ပြည်တွင်းရှိ ဆိပ်ကမ်းများ၌ ကုန်စည်စီးဆင်းမှု လွယ်ကူ မြန်ဆန်စေရန် ပူးပေါင်းညှိနှိုင်းရေးကော်မတီ
တစ်ရပ်ကို ဖွဲ့စည်းထားပြီး အခက်အခဲများ ဖြစ်ပေါ်ပါက ဖြေရှင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း
ပြန်ကြားရေးဝန်ကြီး ဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင ်ဒီဇင်ဘာ ၁၂ ရက်က ဖော်ပြထားသည်။
ရန်ကုန်မြို့ ကမ်းနားလမ်းတစ်လျှောက်တွင် ဒီဇင်ဘာ ရ ရက် မှစ၍ မောင်းနှင်နေသော ကွန်တိန်နာယာဉ်
များကို ည ၉ နာရီမှ နံနက် ၆ နာရီအထိသာ မောင်းနှင်ရမည်ဟု သတ်မှတ်ထားသော်လည်း ကုန်များကို
အချိန်မီ အမြန်ပို့ရန် အရေးတကြီးလိုအပ်ပါက ကွန်တိန်နာယာဉ်များသည် Hot Line ဖုန်း သို့ ဆက်သွယ်
နိုင်ပြီး လုပ်ငန်းရှင်များ အဆင်ပြေစေရန် ဆောင်ရွက်ပေးသွားမည် ဖြစ် ကြောင်း၊ ကုန်စည်များအတွက်
အခက်အခဲဖြစ်နေပါက ဝန်ကြီးဌာနများနှင့် ပေါင်းစပ်၍ အမြန်ဆုံးဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အကောက်
ခွန်ဌာန သို့မဟုတ် ဆိပ်ကမ်း၌ ကြန့်ကြာနေခြင်းများ ကိုပါ ဆောင်ရွက်ပေးသွားမည်ဟု ဆိုသည်။
ထို့ပြင် ကွန်တိန်နာယာဉ်များ နေ့ဘက်တွင် ထွက်ခိုင်းခြင်းကို ရပ်၍ ညဘက်တွင်သာ ထွက်ခိုင်းခြင်းမှာ
လုပ်ငန်းရှင်များအား အခက်အခဲဖြစ်ရန် မဟုတ်ကြောင်း၊ နေ့ခင်းပိုင်းတွင် အများ ပြည်သူသွားလာနေသည့်
ယာဉ်ကြောကို လျှော့လိုက်ခြင်းသာ ဖြစ်ပြီး ထိုကဲ့သို့ ပြောင်းလဲလိုက်ခြင်းဖြင့် တခြားစီးပွားရေးဆိုင်ရာ
လုပ်ငန်းများကို ပို၍မြန်ဆန်စွာ လုပ်ဆောင်သွားနိုင်မည်ဖြစ်သည့် အပြင် ကုန်စည်စီးဆင်းမှုကိုလည်း
ယခုထက်ပို၍ တိုးတက်ရန် ရည်ရွယ်ကြောင်း သိရသည်။










