ရန်ကုန်စတော့အိတ်ချိန်းစျေးကွက်ကို ယခုအခါတွင် ပြည်သူများ စိတ်ဝင်စားမှုလျော့နည်းလာသဖြင့်
ဆန်းသစ်သော နည်းလမ်း များဖြင့် လုပ်ဆောင်သွားရန် လိုအပ်ကြောင်း ရန်ကုန်မြို့ရှိ မြန်မာ နိုင်ငံ
ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI ၌ ကျင်းပသော Stocks Market
Seminar အခမ်းအနားမှ သတင်းများကို ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင် ဒီဇင်ဘာ ၁၂ ရက်
က ဖော်ပြထားသည်။
ရန်ကုန်စတော့အိတ်ချိန်းစျေးကွက်ကို တည်ထောင်ခဲ့သည့် တစ်နှစ် တာ ကာလအတွင်း စျေးကွက်
အခြေအနေမှာ အစကောင်းခဲ့သော် လည်း စတော့စျေးကွက်ကောင်းမွန်စွာ တိုးတက်လာစေရေး
အတွက် ဆန်းသစ်သော နည်းလမ်းများဖြင့် ရှာဖွေလုပ်ဆောင်သွားရန် လိုအပ် မည် ဖြစ်ပြီး ရန်ကုန်
စတော့စျေးကွက်အခြေအနေ ကောင်းလာခြင်း ဖြင့် အများနှင့် သက်ဆိုင်သော ကုမ္ပဏီများအတွက်
ပိုမိုကောင်းမွန် လာပြီး ငွေကြေးအနည်းငယ်နှင့် ရင်းနှီးမြှုပ်နှံနိုင်ခြင်း၊ အလုပ်အကိုင် တိုးပွားလာခြင်းနှင့်
ပြည်သူ့အကျိုး၊ နိုင်ငံ့အကျိုးကောင်းမွန်စေနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေမည် ဖြစ်ကြောင်း
သိရသည်။










