ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းနှင့် ကပ်လျက် မြေနေရာ၌ ရန်ကုန်မြို့၏
ဒုတိယဗဟိုစီးပွားရေး ဇုန်(မင်းဓမ္မ)တွင် ကြယ်ငါးပွင့်အဆင့်ရှိ Dusit Thani Yangon Hotel ကို
ထည့်သွင်းတည်ဆောက်နေပြီ ဖြစ်ကြောင်း Myan -mar V - Pile Group of Companies နှင့်
Dusit International Group ၏ ပြောကြားချက်ကို ကိုးကားကာ မြဝတီသတင်း တစ်ရပ်တွင်
ဒီဇင်ဘာ ၁၂ ရက်က ဖော်ပြထားသည်။
အဆိုပါ ဒုတိယဗဟိုစီးပွားရေးဇုန် (မင်းဓမ္မ) စီမံကိန်း၏ ပထမ လုပ်ကွက်တွင် လူဦးရေ ၄ဝဝဝ ကျော်
ဆံ့ သော နိုင်ငံတကာ အဆင့်ရှိ ကွန်ဗင်းရှင်းစင်တာကို တည်ဆောက်လျက်ရှိပြီး ယခု အခါ ပထမ
အဆင့်အဖြစ် ကွန်ဗင်းရှင်းစင်တာနှင့် တွဲဖက်၍ Dusit Thani Yangon Hotel စီမံကိန်းကို တည်
ဆောက်ခြင်း ဖြစ်ကြောင်း၊ နိုင်ငံခြားခရီးသွားဧည့်သည်များကို အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်ရန်
အတွက် ကြယ် ငါးပွင့် Dusit ဟိုတယ်ကို နိုင်ငံတကာအဆင့်မီ တည်ဆောက်သွားမည် ဖြစ်ပြီး ၂ဝ၂ဝ
ပြည့်နှစ်တွင် ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း Myanmar VPile Group of Companies မှ Director
ဒေါ်သင်းသင်းဟန်က ပြောကြားခဲ့သည်။
အသစ်တည်ဆောက်နေသော Dusit Thani Yangon Hotel သည် တောင်ကိုရီးယားနိုင်ငံ ဗိသုကာ
ဒီဇိုင်းဖြင့် ထိုင်းနိုင်ငံ အခြေပြု ဟိုတယ်လုပ်ငန်းစု Dusit International Group မှ ဟိုတယ်စီမံခန့်ခွဲမှု
အစီအမံများဖြင့် တည်ဆောက်သွားမည် ဖြစ်ကာ အခန်းပေါင်း ၃၃၈ ခန်း ပါဝင်ပြီး Ballroom Function
and Meeting Room များ၊ Restaurant များ၊ ကားပါကင်များ နှင့် တခြား ကြယ်ငါးပွင့် အဆင့်မီ
ဝန်ဆောင်မှုများလည်း ပါဝင် မည် ဖြစ်ကြောင်း သိရသည်။










